"ထယ်ယောင်း...ဟိုမှာ"
ကျောင်းထဲဝင်ခါနီး မေးငေါ့ပြီးပြောတဲ့မင်ဟိုကြောင့် ကြည့်လိုက်တော့ ရင်းနီးနေတဲ့ဟိုလူ။စီးကရက်ဝယ်ပေးတဲ့ညကစပြီး ကျွန်တော်ပြောလိုက်တဲ့အမှုမဲ့အမှတ်မဲ့စကားကို ထိုလူကတော့အသေမှတ်ထားတဲ့ပုံ။စကားပြောခွင့်ပေးဖို့အတွက် နေ့တိုင်းကျောင်းရှေ့လာပြီး နားပူနားဆာလုပ်တတ်သည်။အရေးမလုပ်တာတောင် အမှတ်မရှိ။အခုလည်း ထပ်ရောက်လာပြန်သည်။ဇွဲကတော့အတော်ကောင်းတဲ့လူ။
"မင်းတို့ဝင်နှင့်"
"မင်းကရော"
"စကားပြောမလို့"
"အဲ့လူနဲ့လား"
သူ့စကားကြောင့် မင်ဟိုတို့ကနားမလည်နိုင်တဲ့မျက်နှာပေးတွေနဲ့ ကြည့်လာသည်။သွားလေလို့မေးငေါ့ပြတော့မှ သူ့ကိုလှည့်ကြည့်လှည့်ကြည့်နှင့် ဝင်သွားကြသည်။
ဂျောင်ကု သူ့ဆီကိုတန်းတန်းမတ်မတ်လျှောက်လာတဲ့ထယ်ယောင်းကြောင့် အလှပဆုံးပြုံးပြလိုက်သည်။တန်ပြန်အပြုံးကိုမရသော်လည်း ရင်ထဲထားမနေပဲ ထယ်ယောင်းမျက်ဝန်းညိုညိုတွေကိုသာငေးကြည့်နေသည်။
"ကင်မ်...ကိုယ့်ကိုစကားပြောခွင့်..."
"လိုက်ခဲ့"
ပြောလက်စတောင်မဆုံးသေး...'လိုက်ခဲ့' ဟုတစ်ခွန်းတည်းပြောကာ သူ့ကိုကျော်တက်သွားတဲ့ကင်မ်ကြောင့် အနောက်ကနေသွက်သွက်လိုက်သွားရသည်။
"ဘာသောက်မှာလဲ"
သူနဲ့ကင်မ်ကအခု ကျောင်းနားက cafe ကိုရောက်နေတာဖြစ်သည်။ကျောင်းတက်ချိန်ကျော်နေပြီဖြစ်တာမို့ သူကစိုးရိမ်နေသော်လည်း ကင်မ်ကတော့အေးဆေးသာ။မီနူးကိုကြည့်၍ သူ့ကိုမေးနေသည်။နည်းနည်းရင်းနီးလာပုံရတဲ့ကင်မ့်ပုံစံကြောင့် ရင်ထဲအတော်ပျော်မိသွားသည်။
"ကင်မ်ကျောင်းသွားဦးမှာလား"
"ကျစ်!...မေးတာပဲဖြေစမ်းပါ...ကျောင်းသွားမယ်မသွားဘူးဆိုတာကျွန်တော့်ကိစ္စ"
