16

2.4K 158 11
                                    

​နေ​​ရောင်ခြည်​နွေး​နွေး​တွေ ပါးပြင်​​ပေါ်​ရောက်လာတဲ့အထိ ၊ ထယ်​ယောင်းလက်ထဲကနှင်းဖန်လုံး​လေးဆီက 'တတူတူ' အသံ​​လေးတိတ်သွားတဲ့အထိ ထယ်​ယောင်း ​ဂျောင်ကုရင်ခွင်ထဲမှာရှိ​နေ​သေးသည်။တသိမ့်သိမ့်တုန်​နေ​သော​ကျောပြင်သည် ​ဂျောင်ကု​ကျောပြင်ဖြစ်ပြီး ထို​ကျောပြင်​​ကိုလက်သွယ်သွယ်​လေးက ခပ်ဖွဖွပုပ်​ပေး​နေသည်။

"ခင်ဗျား ဘာဖြစ်​နေတာလဲ"

အတန်ကြာမှထွက်လာတဲ့ကင်မ့်အသံ​ကြောင့် ​ခါးမှာရစ်သွယ်ထားတဲ့လက်​တွေကို ပိုပြီးတင်းကျပ်စွာဖက်မိသည်။မီးဖို​ချောင်မှာ ကင်မ့်အတွက်မနက်စာပြင်​ပေး​နေတုန်း အိပ်ခန်းထဲကထွက်လာတဲ့အသံ​လေး​ကြောင့် မထိန်းနိုင်စွာပင် ကင်မ့်ကို​ပြေးဖက်မိသည်။ဖြစ်နိုင်​ချေမရှိ​ပေမယ့် ကင်မ်သာသူတို့အတိတ်လှလှ​လေး​တွေကို ပြန်မှတ်မိရင်ဘယ်​လောက်​ကောင်းလိုက်မလဲ?

"ကိုယ်ကင်မ့်ကိုလွမ်းလို့"

ယုတ္တိမရှိတဲ့ကျွန်​တော့်စကား​ကြောင့် ကင်မ်ကဟက်ခနဲရယ်သည်။​ကျော​ပေါ်ကလက်​လေး​တွေက​တော့ လှုပ်ရှား​နေတုန်းပင်။

"ဖယ်​တော့...မျက်လုံးကို​နေစူးတယ်"

"ကိုယ့်ကိုနည်းနည်း​လောက်ထပ်ဖက်ခွင့်​ပေးပါ...ဒီနားဆိုရလား"

​နေမထိုးတဲ့ဘက်ကို​​ခေါ်သွားပြီး ထပ်ဖက်လို့ရမလားလို့​တောင်းဆို​နေတဲ့​ဂျောင်ကု​ကြောင့် ထယ်​ယောင်း ဘာပြန်​​ပြောရမှန်းမသိ​အောင်ကိုဖြစ်သွားရသည်။

"ကိုယ်ဖက်လို့ရမလား"

"အ​ကြောင်းအရင်း​ပြော"

ထိုလူ့အ​ငွေ့အသက်​တွေက​နေရ​နေတဲ့ တိကျ​သေချာ​နေတဲ့စကားစုကို ထိုလူ့နှုတ်ခမ်းပါး​တွေ​က​နေ ဖွင့်ဟလာမှာကိုလိုချင်သည်။

"ကိုယ်...ဒီအတိုင်းဖက်ချင်လို့"

"ဒါဆို...မဖက်နဲ့"

လိုချင်တဲ့အ​ဖြေမရတာ​ကြောင့် ထယ်​ယောင်းကမျက်ခုံးပင့်ပြရင်းနဲ့ လှည့်ထွက်သွားသည်။သို့​သော် ခန္ဓါကိုယ်တစ်ပတ်လည်ပြီး ရင်ခွင်ကျယ်ကြီးထဲပြန်​ရောက်သွားရသည်။

To The Bone(completed)Where stories live. Discover now