"ဒီနေရာနဲ့အဝေးဆုံးကိုခေါ်သွားပေး"
ရှိုက်သံတွေနဲ့ရောထွေးနေတဲ့ အသံခပ်သြသြလေးအဆုံးမှာ လက်သွယ်သွယ်လေးတွေကိုဆုပ်ကိုင်ပြီး အဝေးဆုံးသို့ခေါ်လာခဲ့သည်။ပင်လယ်ပြင်ကနေဖြတ်တိုက်တဲ့လေတွေက ကင်မ့်ဆံပင်ပြာလေးတွေကို ယိမ်းနွဲ့စေသည်။မျက်ရည်တွေမကျတော့သော်လည်း ကင်မ့်ကျောပြင်လေးကတုန်ရီချင်နေသလိုပင်။သူ့ရှေ့မှာမို့ ငိုချင်တာကိုတင်းခံထားတာဖြစ်မည်။
"ကင်မ်...ကင်မ်ငိုချင်ရင်ငိုလို့ရတယ်...ကိုယ်ရှိနေတယ်လေ"
ထိုသို့ပြောမှ ကြောင်ပေါက်လေးတစ်ကောင်လို ရင်ခွင်ထဲသို့တိုးဝင်လာပြီး ခါးကိုတင်းကျပ်စွာဖက်၍ ကျောပြင်တသိမ့်သိမ့်တုန်ခါတဲ့အထိငိုတော့သည်။ဘာကြောင့်ငိုနေလဲမသိပေမယ့် အငိုတိတ်အောင်လုပ်ရမှာသူ့တာဝန်မို့ အချိန်တိုင်းပွေ့ဖက်ချင်ခဲ့တဲ့ခန္ဓါကိုယ်လေးကို ပြန်ဖက်တွယ်ရင်းခေါင်းကိုဖွဖွလေးပွတ်သပ်ပေးနေလိုက်သည်။
"ကိုယ်ရှိတယ်နော်...ဘာမှမစိုးရိမ်ပါနဲ့...ကိုယ်ရှိတယ်"
ခေါင်းကိုဖွဖွလေးပွတ်သပ်ပေးပြီး အနားမှာရှိကြောင်းကိုတဖွဖွသတိပေးနေတဲ့လူကြောင့် တိုးဝင်ထားမိတဲ့ရင်ခွင်ထဲကိုပဲပိုပိုတိုးဝင်ရင်း တစ်ဝကြီးငိုမိသည်။အသံချိုချိုနဲ့အတူ နွေးထွေးတဲ့လက်ဖဝါးတစ်ဘက် သူ့ကျောပြင်ကိုပုတ်ပေးပြီးနှစ်သိမ့်နေသည်။နောက်ထပ်နွေးထွေးတဲ့လက်တစ်ဖက်က သူ့ခေါင်းကိုခပ်ဖွဖွလေးပွတ်သပ်ပေးနေသည်။ဒီရင်ခွင်ကြီးမှာ သူပြိုလဲလိုက်လို့ရတယ်ဆိုတဲ့အသိက အမေ့စကားတွေကြောင့်ဝမ်းနည်းနေခြင်းတွေကို သက်သာစေအောင်ကူညီပေးသည်။
မိနစ်တွေအတန်ကြာအောင်ငိုခဲ့ပြီးမှ ထယ်ယောင်း ဂျောင်ကုရင်ခွင်ထဲကနေပြန်ထွက်ပြီး မှောင်မဲနေတဲ့ပင်လယ်ပြင်ကိုငေးကြည့်သည်။ဂျောင်ကုကတော့ ငိုထားလို့နီရဲနေတဲ့မျက်နှာလေးကို ငေးကြည့်နေသည်။
"ဘာလို့လဲလို့ ခင်ဗျားမမေးဘူးလား"
အတန်ကြာမှကြားလိုက်ရတဲ့ ပိုသြနေတဲ့အသံကြောင့် သဲသောင်ပြင်ပေါ်လက်ထောက်ထားတဲ့ လက်သွယ်သွယ်လေးကို မရဲတရဲဖြင့်အပေါ်ကနေအုပ်ကိုင်လိုက်သည်။ရုန်းခဲ့လျှင်ပြန်လွှတ်ပေးလိုက်ဖို့အတွေးရှိသော်လည်း ကင်မ်ကမရုန်းတာမို့ ထိုလက်လေးကိုမ၍ သူ့လက်ပေါ်ထောက်စေလိုက်သည်။သဲမှုန်လေးတွေကြောင့် ကင်မ့်လက်ဖဝါးနုနုတွေနာသွားမှာကိုပင် ကျွန်တော်မကြိုက်ဘူး။
