လှိုင်းကြက်ခွပ်တွေထနေတဲ့ပင်လယ်ပြာကြီးကိုကြည့်ပြီး ထယ်ယောင်း သက်ပျင်းချနေမိသည်။ဒီပင်လယ်ပြာကြီးက သူနဲ့ဂျွန်ရဲ့အမှတ်တရတွေဖန်တီးခဲ့တဲ့နေရာမို့ မခွဲချင်သေးပါ။အစွဲအလမ်းမထားတတ်သောသူသည် အခုတော့စွဲလမ်းတတ်နေလေပြီ။ဂျွန့်ကြောင့်ပဲဖြစ်လိမ့်မည်။
"ကင်မ်...မာသာကတ်သရင်းနဲ့ပန်းလေးတွေကိုနှုတ်ဆက်ရအောင်လေ"
လက်သွယ်သွယ်ကိုဆွဲ၍ပြောတော့ ကင်မ်ကဘာမှပြန်မဖြေ။ဝမ်းနည်းသောမျက်ဝန်းညိုတွေဖြင့် ပင်လယ်ကိုပဲပြန်ကြည့်သည်။
"ဒီနေရာနဲ့မခွဲချင်လို့လား ကင်မ်"
"မခွဲချင်လည်းခွဲရမှာပဲမလား"
"ကိုယ်တို့ဒီမှာနေကြမလား...ကိုယ်အိမ်သေးသေးလေးတစ်လုံးဝယ်လိုက်မယ်"
"ဘာလို့အိမ်သေးသေးလဲ...အိမ်အကြီးကြီးမှကြိုက်တာ"
"ကိုယ်ကတော့သေးသေးလေးပဲကြိုက်တာ...ဒါမှကင်မ့်ကိုလှမ်းကြည့်လိုက်တိုင်းတွေ့နေရမှာလေ...အိမ်အကြီးကြီးဆိုလိုက်ပတ်ရှာနေရမှာ...ကင်မ့်မျက်နှာလေးကိုကြည့်ဖို့အချိန်လျော့သွားမှာပေါ့"
ဂျောင်ကုစကားကြောင့် ထယ်ယောင်း သဘောကျစွာပြုံးသည်။
"ခင်ဗျားကစကားအရမ်းတတ်တာပဲ"
"ကိုယ်စကားတတ်တာမဟုတ်ပါဘူး...ကင်မ့်ကိုချစ်လွန်းလို့အလိုအလျောက်ထွက်လာတဲ့စကားတွေပါ"
ထယ်ယောင်း ခေါင်းတညိတ်ညိတ်လုပ်ရင်းနဲ့ ဂျောင်ကုလက်ချောင်းရှည်ရှည်တွေကို သူ့လက်ချောင်းသွယ်သွယ်တွေနဲ့ယှက်လိုက်သည်။
"ခင်ဗျားကိုချစ်တယ်ဂျွန်...ကျွန်တော့်ကိုယ်ကျွန်တော်တောင်နားမလည်နိုင်တော့တဲ့အထိ...ခင်ဗျားကိုချစ်တာ"
"ကိုယ်ကပိုချစ်ပါတယ်ကင်မ်"
ပြောရင်းနဲ့ နဖူးပြင်ကိုဖိကပ်နမ်းတော့ ကင်မ်ကမျက်ဝန်းညိုလေးတွေကိုမှိတ်ပြီး ခံယူသည်။ခပ်ကြာကြာဖိကပ်နမ်းလိုက်တော့ ရယ်သံတိုးတိုးထွက်လာသည်။
