14

1.9K 126 13
                                    

Canvas ​တွေနဲ့ပြည့်​နေတဲ့အခန်းထဲမှာ ​​ဂျောင်ကုအလုပ်များ​နေသည်။မျက်​မှန်​အောက်က ညို​နေတဲ့မျက်ကွင်း​တွေနဲ့ အလုပ်များ​နေတဲ့​လက်​တွေက canvas ​ပေါ်က ဆံပင်ပြာပြာ​လေး​တွေကို အ​သေးစိတ်​ရေးဆွဲ​နေသည်။​ဘယ်နှခွက်​မြောက်မှန်းမသိ​သော​ကော်ဖီခွက်က အ​ငွေ့​သေ​နေလျက်​ဘေးမှာရှိ​နေပြီး ​ဆေးပြာပြာ​တွေက​တော့​ဂျောင်ကုရဲ့တီရှပ်အဖြူ​​ပေါ်မှာ​ပေစွန်း​နေသည်။ဆံပင်​တွေဖွာ​​နေပြီး မ​သေမသပ်ပုံ​ပေါက်​နေ​သော်လည်း နှုတ်ခမ်းပါး​တွေက​တော့ ​ရေး​ရေး​လေးပြုံး​နေသည်။​နောက်ဆုံးအဆုံးသတ်အ​နေနဲ့ အပြာ​ရောင်ဆံချည်မျှင်​သေး​သေးကိုတစ်ချက်ဆွဲပြီးတာနဲ့ အဆုံးမသတ်ရ​သေးတဲ့ပန်းချီကားလှလှ​လေးက ပြီးစီးသွားပြီဖြစ်သည်။ပြီးစီးသွားတဲ့ပန်းချီကားကို ​ဖြေး​ဖြေးချင်းသယ်ပြီး နံရံမှာချိတ်ထားလိုက်သည်။

33ချပ်တိတိပြည့်သွားပြီဖြစ်တဲ့ပန်းချီကား​တွေထဲက အ​ရှေ့က32ချပ်ကဆံပင်​ခွေ​ခွေ​လေး​တွေနဲ့ဖြစ်ပြီး အခုတစ်ချပ်က​တော့ဆံပင်​ပျော့​ပျော့နဲ့ပြာပြာ​လေးဖြစ်သည်။6နှစ်က​နေ12နှစ်အထိ အတူကြီးပျင်းခဲ့တဲ့ကင်မ့်ပုံရိပ်​တွေကို​တော့ အတိအကျမှန်​အောင်ဆွဲထားနိုင်ပြီး ကျန်တာ​တွေကို​တော့ ကိုယ့်ဘာသာစိတ်ကူးပြီးဆွဲခဲ့တာဖြစ်သည်။အခု​တော့ ကင်မ့်ကိုတစ်ဖန်ရှာ​တွေ့ခဲ့ပြီမို့ 33နှစ်အရွယ်အစား 18နှစ်အရွယ်​ကင်မ့်ပုံ​လေးကိုဆွဲခဲ့သည်။ဒီနှစ်ရဲ့ကင်မ့်အတွက် 33နှစ်ပြည့်လက်​ဆောင်က ထိုအပြာ​ရောင်ဆံနွယ်​လေးနဲ့ဖြစ်​နေတာမို့ နည်းနည်း​တော့ထူးဆန်း​နေသည်။

"ကိုယ့်ဆီပြန်လာ​ခဲ့လို့ ​ကျေးဇူးပါကင်မ်...ကိုယ်က​လေ...ဆံပင်​ကောက်​ကောက်​လေးကို​ရော...ဆံပင်ပြာပြာ​လေးကို​ရော...မမြင်ခဲ့ရတဲ့အသက်33နှစ်အရွယ်ကင်မ့်ကို​ရော...အခုလက်ရှိအဆိုး​လေးကင်မ်ကို​ရော...အရမ်းချစ်တယ်...​ပြောမပြတတ်နိုင်​အောင်ကိုချစ်တာပါကင်မ်ရယ်"

ပန်းချီကားကိုကြည့်ရင်း မျက်ရည်​​တွေကျလာတာမို့ မျက်မှန်နက်​လေးကိုချွတ်ပြီး လက်ခုံဖြင့်မြန်မြန်သုတ်လိုက်ရသည်။သူ့ရင်ထဲက ကင်မ်ဆိုတဲ့ဖြစ်တည်မှုက​လေ သူ့နှလုံးသားခုန်နေသ​​ရွေ့ တဆတဆနဲ့ကြီးထွားလာတာ။ချစ်ပြီးရင်းထပ်ချစ်မိသလို စွဲလမ်းပြီးရင်းစွဲလမ်း​နေမိတယ်...ကင်မ့်ကို။

To The Bone(completed)Where stories live. Discover now