28

2.3K 147 35
                                    

​တောင်ကိုရီးယား၏ နာမည်ကြီးပုံပြင်စာ​ရေးဆရာဂျွန်​ဂျောင်ကုနှင့် ဒိတ်ဒိတ်ကျဲချမ်းသာသည့်စီးပွား​ရေးလုပ်ငန်းရှင် Lee Group ဥက္ကဌလီဒုံဝမ်၏သား လီထယ်​ယောင်းတို့တွဲ​နေသည်ဆိုသည့်သတင်းက ဆိုရှယ်ပလက်​ဖောင်းတိုင်းမှာ နာမည်အကြီးဆုံးသတင်းတစ်ပုဒ်ဖြစ်​​နေပြီး dispatch က​ဖော်ထုတ်လိုက်သည်​ကြောင့် အားလုံးရဲ့အာရုံစူးစိုက်မှုကိုအပြည့်အဝရရှိ​နေသည်ဖြစ်သည်။

"အစ်ကိုနမ်ဂျွန်!"

ထိတ်လန့်​သောမျက်နှာဖြင့် အ​​လောတကြီး​​ပြေးဝင်လာသည့်​ဂျောင်ကု​ကြောင့် နမ်ဂျွန်လည်းခုံမှာ​ခေါင်းမှီချပြီး နားထင်ကိုလက်နဲ့ဖိ​နေတာကိုရပ်၍ ဆိုဖာမှာဝင်ထိုင်လိုက်သည်။

"​အရင်ဆုံးစိတ်​အေး​အေးထား ​ဂျောင်ကု...ဒါ​တွေကတစ်​နေ့​တော့ကြုံရမှာပဲ​လေ"

အသက်ရှုနှုန်း​တွေမြန်​နေတဲ့​ဂျောင်ကုက နမ်ဂျွန်​ပြော​တော့​ခေါင်းညိတ်ပြသည်။သို့​သော် သူ့ကို​ပြောဆို​နေတာထက် ကင်မ့်ကိုဝိုင်း​ပြောဆို​နေကြသည့်လူ​တွေ​ကြောင့် ရတက်မ​အေးနိုင်​ပေ။ဟာနူးလာ​ပြောပြ​တော့ သူအရမ်းလန့်သွားခဲ့တာ။ပြီး​တော့ ဒီကိစ္စမှာကင်မ်ကအသက်တောင်မပြည့်​သေးတဲ့က​လေးတစ်​ယောက်။ထို့​ကြောင့် လူတိုင်းကကင်မ့်ကိုသာအပြစ်သားသဖွယ်​ပြောဆို​နေပြီး အရင်ကကင်မ်လုပ်ခဲ့တဲ့​ကျောင်းတွင်းအကြမ်းဖက်မှု​တွေကိုပါ ဆွဲထည့်​ပြော​နေကြတာမို့ ကင်မ့်ကိုဒီကိစ္စ​တွေ​ပေးမသိချင်ပါ။ထို့​ကြောင့် ကုမ္ပဏီသို့ခဏသွားဦးမယ်​ပြောပြီး ထွက်လာခဲ့တာဖြစ်သည်။

"ကျွန်​တော့်ကို​ပြောတာကိစ္စမရှိဘူးအစ်ကို...ဒါ​ပေမယ့်ကင်မ့်ကိုအထိခိုက်မခံနိုင်ဘူး...အားလုံးကကျွန်​တော်လုပ်ခဲ့တာ​တွေချည်းပါ...ကင်မ်နဲ့မဆိုင်ပါဘူး"

"ငါနားလည်တယ်​ဂျောင်ကု...ဒါ​ပေမယ့်လက်ခုပ်ကနှစ်ဖက်တီးမှမြည်တာမလား...အဲ့​တော့အနည်းအကျဥ်း​တော့မင်း​ရော ထယ်​ယောင်း​ရောအ​ပြောခံရမှာပဲ...အခုချိန်မှာငါလုပ်​ပေးနိုင်တာက အဲ့ကိစ္စကို confirm မလား...ငြင်းမလားဆိုတာပဲ...ဒါ​ပေမယ့်ပုံ​တွေကအတိအကျနဲ့ထွက်လာတာ​...မင်းတို့​နောက်ကိုလိုက်​နေတာအ​တော်ကြာ​လောက်ပြီ...အဲ့ပုံ​တွေ​ရောကြည့်ပြီးပြီလား"

To The Bone(completed)Where stories live. Discover now