Part - 16

20.2K 408 12
                                        

အခန်း -
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်

"မေမေရေ"

"သမီးပြောလေ"

"မီးမီးဒီဟာဝတ်သွားရင်အဆင်​ပြေမှာပါနော်"

သမီးက ပန်းနုရောင်ဂါဝန်လေးကိုဝတ်ကာ လှည့်ပြ၍ဆိုလေသည်။ သမီးလေးကအသားလေးလဲဖွေးပြီးလှနေတော့ ဘာဝတ်ဝတ်သမီးလေးနှင့် လိုက်ဖက်လွန်းလှသလို ယခုအခါတွင်လဲ လှလှလေးဖြစ်နေလေသည်။

"ပြေပါတယ်သမီးရဲ့ အရမ်းလဲမထည်ဘူး အသင့်တင့်ပဲ"

"ဟုတ် မေမေ အဲ့တာဆိုဒါပဲဝတ်သွားတော့မယ်နော် မီးမီးကတော်ကြာထည်သွားရင်မမနန်းကတစ်မျိုးထင်မှာဆိုးလို့လေ"

"အွန်း မေမေ့သမီးက Brand တွေလဲဝတ်တာမဟုတ်ဘူးလေ အဲ့တော့ဘာလေးဝတ်ဝတ် အဲ့ဆရာမအမြင်မှာ တစ်မျိုးဖြစ်မှာမဟုတ်ပါဘူး"

"ဟီး ဟုတ်မေမေ"

သမီးဖြစ်သူက နာမည်ကြီး brand တွေထက် ပြည်တွင်းဖြစ်အထည်များကို အဝတ်များလေသည်။ ပေါ့ပေါ့ပါးပါးအင်္ကျီတစ်ချို့ဆို သမီးကသူ့ဘာသာသူ လိုင်းပေါ်မှမှာ၍ သားမိနှစ်ယောက်အတွဲညီညီ ဝတ်တတ်လေသည်။ ယခုထိ brand နှင့် ပြည်တွင်းဖြစ်ဆို ပြည်တွင်းဖြစ်တွေသာသုံးတတ်သည့်သမီးကို လွန်းငယ်ဂုဏ်ယူမိသည်။

designer ချုပ်ဆိုအရမ်းသဘောကျသည့်သမီးက handmade လေးတွေဆိုလဲ နှစ်သက်လေသည်။ သမီးက လူ့လုပ်အားနှင့်လုပ်ထားသည့် အရာဝတ္ထုပစ္စည်းတို့ဆို တန်ဖိုးထားချစ်တတ်သည့်အကျင့်လေးလဲရှိလေသည်။

"hello ကိုကို"

"ကိုကိုလာနေပြီညီမလေး"

"ပထမဆုံးနေ့ကို ကိုကိုနောက်ကျနေတယ်နော် ခမ်းလေးစိတ်ဆိုးပစ်လိုက်ရမလားပြော.."

"ကိုကိုတောင်းပန်ပါတယ်ကွာ ကိုကိုအိပ်ပျော်သွားလို့ ရောက်တော့မယ်ခဏလေးပဲနော် တဂယ်ခဏလေး"

ကိုကို့ကို Hotel ရှေ့ထွက်စောင့်နေရင်းမှ ခမ်းလေးခြေလေးစောင့်မိသည်။ နောက်ကျနေပြီကိုကိုရယ်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now