မီးနီခန်းပါ၍ တစ်ချို့မကြိုက်သူများ ကျော်သွားနိုင်ပါသည်။
အခန်း - ၄၂
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
ဖေဖေတို့ဆီအလည်လာရင်းမှ ဖေဖေကတစ်ညအိပ်သွားပါလားဟုပြောသည့်အခါ ခမ်းလေးတို့အိပ်မည်။
"ဖေ့သမီးအကြိုက်ဟင်းတွေကြည့်ပဲကွ"
"ဦးသော်လာပို့ပေးတာလားဖေဖေ"
"ဟုတ်တယ်သမီး သမီးစားရအောင်လို့တဲ့လာပို့ပေးသွားတာ"
"ဟီး မီးမီးတော့ဒီညဗိုက်ကားပြီ"
ဖေဖေနှင့်စကားပြောရင်းမှ ကိုကို့ကိုကြည့်တော့ ဖုန်းကြီးကိုကျွံကျမတတ် တစ်ဖြောင်းဖြောင်းနှင့်နှိပ်နေလေသည်။ ထမင်းဝိုင်းတွင် မိသားစုလေးယောက်အတူစားသည့်အခါလဲ နဲနဲပဲစားကာ ကိုကိုကအရင်ထသွားပြီး ခြံထဲဆင်းသွားလေတော့သည်။
"ကိုကို ထမင်းစားမကောင်းဘူးလား"
"မဟုတ်ပါဘူး"
"ကိုကိုနဲနဲပဲစားတာလေ အဲ့တာစားမကောင်းလို့ပေါ့"
"ထမင်းကစားကောင်းတယ် လူကမစားချင်တာ"
"ကိုကို့စကားကြီးနားမလည်ဘူး"
ကိုကို့ဘေးကပ်ထိုင်သည့်အခါ တည်တံ့နေသည့်မျက်နှာကြီးကတစ်ဖက်သို့လှည့်သွားသလို အလိုမကျသလိုသက်ပြင်းတစ်ချက်ချသံကို မပီမပြင်ကြားရ၏။ ကိုကို့လက်ကိုချိတ်ကာ ကိုကို့ရင်ဘက်ဆီခေါင်းကိုတိုးဝင်၍ မော့ကြည့်မိတော့ ကိုကို့မေးချွန်ချွန်တို့၏ ကြည့်ကောင်းမှုကိုတွေ့ရသည်။
"ကိုကိုဘာကိုစိတ်ဆိုးနေတာလဲပြောပြ"
အလင်းအားနည်းသော်လည်း ကိုကို့မျက်နှာမှအလိုမကျမှုကို တွေ့ရဆဲဖြစ်သည်ကြောင့်။
"ကိုကိုမပြောချင်ဘူးပေါ့ ခမ်းလေးကဒီလိုလေးဖက်ပြီးချော့မေးတာကိုတောင် မပြောချင်ဘူးပေါ့..."
သူ့ခါးဆီလက်ကလေးများရောက်လာပြီး ချစ်စဖွယ်လေသံလေးနှင့် ချွဲချွဲနွဲ့နွဲ့လေးပြောသည့်အခါ ခွန်းစစ်စိတ်ထဲကျေနပ်သဘောကျရသည်။ သို့ပေမယ့် သူဆက်၍ လျစ်လျူရူထားသည်။
ВЫ ЧИТАЕТЕ
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Любовные романы"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
