End 🌿

11.5K 362 17
                                    

အပိုင်း-၇၇ (ဇာတ်သိမ်းပိုင်း)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်

ပြဿနာများအားလုံးရှင်းသွားသည့်အခါ ခမ်းလေးတို့အရင်ကထက် နေရတာပေါ့ပါး၍ ပျော်ရွှင်ရ၏။ အမှုရင်ဆိုင်ကြတုန်းဖြစ်ပေမယ့်လဲ ခမ်းလေးတို့နိုင်မှာ အသေအချာပင်ဖြစ်သည့်အနေအထားတွင် အားလုံးကို ဦးနောင်နှင့်လွှဲထားလိုက်သည်။

"ကိုကိုမ​ရောက်သေးဘူးလား"

"ရောက်တော့မယ်ပူတင်းလေး ဒီနားလေးပဲ"

"ကိုတံခွန်ကလဲ Center နဲ့နီးနီးနားနားမှာကျမနေဘူး ဒီဘက်ကျ တအားဝေးတာကြီးကို"

"အဲ့ကောင်ကလူတစ်မျိုးပူတင်းလေးရဲ့ ကိုကိုလဲပြောပါတယ် သူကိုကလက်မခံတာ"

"နော် ခမ်းလေးဆိုနီးတဲ့နေရာပဲနေမှာ"

ကိုတံခွန်အိမ်ပြောင်းသည့်ရက်ကို တစ်ယောက်ထဲဖြစ်နေသည်ကြောင့် ခမ်းလေးတို့သွားကူပေးကြခြင်းဖြစ်သည်။ ကိုတံခွန်က မလိုပါဘူး မလာပါနှင့်ဟုပြောသော်လည်း လူမှုရေးတော့သိတတ်ရမည်မဟုတ်လား။ လူငှားပြီး လာလုပ်ကူခိုင်းလို့ရပေမယ့်လဲ တစ်ချို့ဆက်ဆံရေးများဟာ ငွေအင်အားသုံးပြီးကိုင်တွယ်ဖို့မသင့်သည်ကို ခမ်းလေးနားလည်ပါသည်။ ဒါ့ကြောင့် ကိုကိုနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူ​လုပ်ပေးပါမည်။

ကားပေါ်မှ ပစ္စည်းများချနေခိုက် ငစစ်တို့ကားဝင်လာသည်ကိုတွေ့လိုက်သည့်အခါ တံခွန့်လက်ထဲမှ ထိုင်ခုံကိုချ၍ အနားသို့သွားကြိုလိုက်၏။

"လာပြီလားကွ"

"လာပြီပေါ့ကွာ မင်းအိမ်ကလဲ အတော်မောင်းရတယ်ကွ ဝေးလိုက်တာမှလဲလွန်ရော"

"ဝေးပါတယ်လို့ငါပြောသားပဲ"

"ကိုတံခွန်ရေ ကားနဲ့မို့တော်သေးတယ်နော် ဆိုင်ကယ်နဲ့ဆိုမလွယ်ဘူး"

"ငါ့ညီမကိုတော့ အဝေးကြီးကနေလာပေးလို့အားနာတယ်ကွာ"

"ရပါတယ် ခမ်းလေးကကူပေးချင်လို့ကို"

"ဒါတွေအကုန်အထဲသယ်မှာမလားအကို"

"အွန်းညီမ"

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Sep 07 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Tahanan ng mga kuwento. Tumuklas ngayon