အခန်း - ၆၂
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
ခမ်းလေးအိပ်ယာနိုးတော့ မနက် ၈ နာရီရှိပြီဖြစ်သည်။ ပြူးတင်းပေါက်ကပိတ်၍မရသည်ကြောင့် ညကဖွင့်ရက်နှင့်အိပ်မိသည်မှာ ယခုတော့အသားတွေနာနေပြီဖြစ်သည်။ မသိဘူး ရေတော့ချိုးရမှာပဲ။
ထဘီလေးရင်ချားကာ ရေလဲဝတ်ထဘီလေးတစ်ထည်ထက်ယူ၍ ခမ်းလေးအိမ်ရှေ့သို့ထွက်လာလိုက်သည်။
"ညီမလေး"
သူကြည့်မိတော့ ညီမေလးက နီညိုရောင်ထဘီလေးကို ရင်ခြားထားကာ ဆံပင်လေးကိုလဲအပေါ်သို့ထုံးဖွဲ့၍ ရေချိုးဖို့အသင့်ပြင်ထားလေ၏။ မျက်နှာနုနုလေးက အိပ်ချင်မူးတူးလေးနှင့် သိပ်ကိုချစ်စရာကောင်းသည်ကြောင့် ခွန်းစစ်ငေးသွားမိသည့်အခါ သူ့ကိုကျောခိုင်း၍ ညီမေလးက အိမ်အပြင်သို့ထွက်သွားလေတော့သည်။
ကျောပြင်လေးကိုလှမ်းကြည့်ရင်းမှ လက်မောင်းကအသားအရေနှင့် ကျောပြင်ကအသားအရေလေးဟာ အရောင်အနည်းငယ်ကွဲနေသည်ကို သတိထားမိ၏။ ကျောပြင်လေးက ဖြူဖွေးစွပ်နေပြီး အဝေးမှကြည့်မှ လက်မောင်းလေးများက သူ့ထက်နည်းနည်းလေး အရောင်ဖျော့နေသည်လေ။
"အပူရှပ်တယ်ဆိုတာ နေပူကြီးသွားထားလို့ပဲကွ"
.........
ခမ်းလေးရေချိုးပြီးအိမ်ထဲဝင်လာတော့ ကိုကိုက ဘာတွေပြင်ဆင်နေလဲမသိ ထမင်းစားပွဲတွင် ပြင်ဆင်နေလေသည်။ တဘက်ကလေးနှင့်ရေသုတ်ကာ နေလောင်ထားသည့် အသားအရည်ကို ပြန်ထိန်းသိမ်းရန်အတွက် အိမ်မှထည့်လာသည့်အသုံးအဆောင်များကိုထုတ်ပြီး ခြေဆုံးခေါင်းဆုံးလိမ်းလိုက်၏။ သုံးသည့်ပစ္စည်းကကောင်း၍လားမသိ ချက်ချင်းစိမ့်ဝင်သွားကာ အသားအရည်လေး ကြည်ကြည်တင်းတင်းလေးနှင့် အိ၍လာလေသည်။
"ကိိုကိုတော့ အိအိလေးနဲ့မွှေးလိုက်တဲ့ပူတင်းလေးဆိုပြီး ဖက်နမ်းချင်သွားမှာ ဟိ..."
သနပ်ခါးလေးပါလိမ်းပြီး လက်ဂိုင်းကြိုးမျှင်မျှင်လေးသာပါသည့် အဝါရောင်ဂါဝန်အဝဲလေးကိုထုတ်ဝတ်လိုက်၏။
"ညီမလေး"
"ရှင့်..."
"အိမ်ပြန်မယ်ဆိုလဲ ထမင်းလေးစားပြီးမှပြန်ပါကွ နေမြင့်နေပြီမဟုတ်ရင်အစာအိမ်တွေဖြစ်မယ်"
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
