အခန်း - ၅၆
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
ကိုကိုထားသွားခဲ့တုန်းက ဆောင်းရာသီကြီးဖြစ်သည်။ မနက်ခင်းအအေးဓာတ်ရလျှင် ကိုကို့ကိုသတိရပြီး ကိုကို့ရင်ခွင်ကြီးကို လွမ်းရသည်။
"ပူတင်းလေးအေးနေရင် ဖက်ပေးမှာပေါ့ကွ ကိုကို့ရင်ခွင်က ပူတင်းလေးအတွက်ဗျာ..."
ကိုကို လူလည်ကျပြီး ဖက်ပေးထားသည့် အချိန်များကို လွမ်းသည်။ ဆောင်းတွင်း တစ်တွင်းလုံး မနက်ဆို ခြံထဲဆင်းထိုင်လွန်လို့ အအေးပက်ပြီး အမြဲနှာစေး ချောင်းဆိုးနှင့် ဖျားတတ်သည့် ခမ်းလေးဟာ ကိုကို့ရဲ့စိုးရိမ်ဖွယ်စကားများကို ကြားချင်မိသေးသည်။
"ကိုကို့ပူတင်းလေး ဖျားလို့မရဘူး၊ နှာစေးလို့လဲမရဘူး၊ ချောင်းဆိုးလို့လဲမရဘူး ကိုကို့ဂရုစိုက်မှုအောက်မှာ ပူတင်းလေး အဲ့ဝေဒနာတွေ မခံစားစေရဘူး"
ကိုကို အမြဲပြောတတ်တဲ့စကားလေးကို အရင်ကတော့ ဘာသိဘာသာနေပြီး ထားလိုက်ပေမယ့် ယခုအချိန်တွင်တော့ ခမ်းလေးထပ်ကြားချင်မိသည်။ ကိုကို့ရဲ့ ဆူပူတာလေးကိုလဲ ခံချင်သေးသည်။
"ပူတင်းလေးသိပ်ဆိုးတာကွာ အပြစ်ပေးမှ မှတ်မယ်ထင်တယ် အဟွန်း..."
ဟု ပြောပြီး ဆွဲဆွဲနမ်းတာလေးလဲ လိုချင်သေးတယ်။ ကိုကိုနမ်းရင် ခမ်းလေးမရုန်းတော့ပါဘူးကိုကိုရယ်...နမ်းပါအုံးလား ဟု တစ်ခါတစ်လေ ကိုကို့ပုံလေးကို ကြည့်ပြီးရေရွတ်မိသေးသည်။
မေမေနဲ့ဖေဖေရဲ့ ဂရုစိုက်မှုကိုရသော်လည်း ခမ်းလေးစိတ်က ကိုကို့ရဲ့ဂရုစိုက်မှုကိုလဲ လိုချင်တောင့်တမိသည်။ မဖြစ်နိုင်တော့ပေမယ့်လဲ လိုချင်မိသေးတာကလဲ သဘာဝပဲဖြစ်မည်။
ကိုကို့စိတ်ကြောင့် ခမ်းလေးကျောင်းပါနားထားပြီး အိမ်တွင်သာ အချိန်ကုန်ဖြစ်သည်။ ဦးသော်က တစ်ရက်ကျော်လောက်ကို ခမ်းလေးဆီလာလည်ပေးတတ်ပြီး စကားပြောဖော်ပါလုပ်ပေးသည်။ ဦးသော်ကိုဆို ကိုကိုမကြည်တာ သိပေမယ့်လဲ ခမ်းလေးဦးသော်နှင့် အသွားအလာလေးတော့ လုပ်ဖြစ်သည်။ ဒါကလဲ ခမ်းလေးတို့အိမ်နှင့် ဖေဖေတို့အိမ်ဆီ ကူးသည့်အချိန်လောက်သာဖြစ်ပါသည်။
ESTÁS LEYENDO
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
