Part - 65

21.1K 422 48
                                        

အခန်း - ၆၅
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်

"ထမင်းစားရအောင်လို့ညီမလေး ကိုကိုအဆင်သင့်ပြင်ထားပြီလာတော့"

"မဆာဘူးကိုကို မစားချင်ဘူး"

"နေ့လည် ၁ နာရီတောင်ရှိပြီညီမလေးရဲ့ မဆာလဲနဲနဲတော့စားပါ လာ"

"ဟွန့်အွန်း ကိုကိုပဲစား"

သရက်ပင်အောက်တွင်ထိုင်နေသည့်ညီမလေးဟာ တကယ်ပဲထမင်းစားဖို့ထမလာသည်ကြောင့် ညီမလေးအနားသို့သူကိုယ်တိုင်သွားခေါ်ရ၏။

"လာပါကွ ညီမလေးကြိုက်တဲ့ဟင်း ကိုကိုချက်ထားတာလေ"

"ခမ်းလေးတကယ်မဆာလို့ တော်ပြီကိုကိုရဲ့"

"ကိုကိုကြည့်နေတာ တစ်နေကုန်မှ မနက်စာတစ်နပ်လောက်ပဲညီမလေးကောင်းကောင်းစားတယ် ကျန်တဲ့အချိန်ထမင်းစားရင် အင်တင်တင်နဲ့ စားပြန်တော့လဲကြောင်စာလောက်ပဲ"

"ခမ်းလေးအရင်ကထမင်းစားနိုင်ပါတယ် ကိုကိုမရှိတော့စားချိန်ရောအိပ်ချိန်ရောမမှန်ဘူးလေ နောက်တော့တစ်နေကုန်မှ တစ်နပ်ပဲစားတာကအကျင့်ဖြစ်သွားတာကိုကိုရဲ့ အခုဆိုသိပ်မစားနိုင်တော့ဘူး ခမ်းလေးဝမ်းကျဉ်းသွားတာနေမယ်"

ညီမလေးပြသည့်ဓာတ်ပုံလေးများထဲတွင် ပါးလေးတွေဖောင်းကစ်၍ ဒီလောက်မပိန်းသည်ကို သူပြန်မှတ်မိလာရ၏။ သူ့ကြောင့်ညီမလေးအစားအသောက်ပျက်ပြီးပိန်သွားတာပဲကွ။

"အကျင့်ပြန်လုပ်ရင်စားလို့ဝင်မှာပါ ကိုကို့စကားနားထောင်နော် ကိုကိုနဲ့အတူထမင်းစားရအောင်လို့ လာ..."

"ဟွန့်အွန်း မစားဘူး"

ဘယ်လိုမှခေါ်မရသည့်အဆုံး သူတစ်ယောက်ထဲသာထမင်းစားလိုက်ရ၏။ ညီမလေးလဲ ခေါင်းမာတာမှ သံမဏိလိုပါပဲလားကွာ။

ညနေ ၅ နာရီခန့်တွင် ခမ်းလေးဗိုက်အနည်းငယ်ဆာလာရပေမယ့် ထမင်းတော့မစားချင်ပေ။ facebook ပေါ်တတ်လာသည့် ပုံလေးတွေထဲ မာလာချမ်းကောပုံလေးတွေတတ်လာတော့ မာလာချမ်းကောအရမ်းစားချင်လာရ၏။ ဒါ့ကြောင့် "မာလာချမ်းကောလေးနဲ့ blueberry လေးရယ် စားလိုက်ချင်တယ်" ဟုရေးကာ နောက်မှ ငိုနေသည့် Emoji လေး ထည့်၍ ထို post လေးကို share လိုက်၏။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Место, где живут истории. Откройте их для себя