အခန်း - ၂၇
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
"ကိုကိုပုံတွေအများကြီးပဲရိုက်ပေးထားတာ လှလှလေးတွေမေမေရဲ့သိလား"
"မေမေ့ကိုပြပါအုံး"
"ကိုကို့ဖုန်းထဲမှာ မီးမီးသွားယူလာခဲ့မယ်"
မိသားစုတစ်တွေ ဘုန်းကြီးကျောင်းမှပြန်လာ၍မောကာ ထိုင်နေကြသလို ခမ်းလေးတစ်ယောက်သာတတ်ကြွသူတစ်ယောက်ဖြစ်လေသည်။
"ကိုကို ကိုကိုရေ"
"ကိုကို့ "
"ဟေ့ ကိုကိုရေချိုးခန်းထဲမှာကွ"
"ကိုကို့ဖုန်းရောဟင် ဖုန်း"
"ကိုကို့ဖုန်း အဲ့ရှေ့ကခုံပေါ်မယ်လေပူတင်းလေး"
"အော် ရှာကြည့်အုံးမယ်ကိုကို"
ခုံပေါ်တွင် ဖုန်းကိုတွေ့သော်လည်း lock ကြီးကြောင့်ဖွင့်မရပေ။ ငယ်ငယ်တုန်းကဆိုလျှင် ကိုကို့ဖုန်းက lock မခက်ပဲ ခမ်းလေးစိတ်တိုင်းကျ ဖွင့်ကြည့်နေကျပေမယ့် ယခုကျတော့ lock ကြီးနှင့်ဖြစ်၍ ထိုင်ကာပက်နှိပ်လိုက်သည်။
"ကိုကို့ဟာကြီးကဖွင့်လို့လဲမရဘူး "
နံပါတ်မျိုးစုံနှိပ်၍ဖွင့်ကြည့်ပေမယ့် မရသည်ကြောင့် နှုတ်ခမ်းမှာ Auto ဆူလာရတော့သည်။
"ကိုကိုမပြီးသေးဘူးလား"
"ကိုကိုမပြီးသေးဘူးပူတင်းလေး ခဏကြာမယ်"
"ကိုကို့ဖုန်းကဖွင့်မရဘူးလေ"
"အော်ဟုတ်သားပဲ ကိုကို lock ကြီးခက်ထားတာပဲ lock က ပူတင်းလေးမွေးနေ့ နှိပ်ကြည့်လိုက်နော်"
"စောစောပြောပေါ့ကိုကိုရဲ့ ခမ်းလေးကတစ်ခြားဟာနှိပ်နေတာအကြာကြီးရှိပြီကို ဟွန်း..."
ခေါင်းလျှော်နေသည့်ခွန်းစစ်မှာ ပူတင်းလေးအပြောကြောင့် အပြင်တွင်နှုတ်ခမ်းလေးဆူကာ စိတ်ဆိုးသယောင်လေးရှိနေမည့်ပုံကို မြင်ယောင်မိ၏။
မွေးနေ့ဟုပြောသည်ကြောင့် ရိုက်ထည့်သော်လည်းပွင့်မလာသည့်ဖုန်းကြောင့် စိတ်မကြည့်တော့ပေ။
ВЫ ЧИТАЕТЕ
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Любовные романы"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
