အခန်း - ၅၂
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
အိမ်ကိုပြန်ရောက်နေသည့်ခမ်းလေးမှာ မေမေ့အနားကပ်ချွဲလိုက်၊ ဖေဖေ့အနားကပ်ချွဲလိုက်၊ စားချင်တာတွေဝယ်စားလိုက်၊ ကိုယ်တိုင်လုပ်စားလိုက်နှင့် မပျင်းမရိစွာ တစ်နေ့တာကိုဖြတ်သန်းနေရသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။
"ကိုကို ထမင်းစားပြီးပြီလား"
"ကိုကိုပြီးပြီဗျာ"
"ခမ်းလေးအိပ်တော့မလို့ ကိုကိုစားပြီးရင်လဲရပါပြီ အိပ်တော့မယ်"
"ကိုကို့ပူတင်းလေးအိပ်ရေးဝမှ ဖြစ်မှာအိပ်တော့အိပ်တော့ "
ကုတင်ပေါ်လှဲအိပ်ရင်းဖြင့် ဖုန်းထဲမှကိုကို့ကိုနှုတ်ခမ်းလေးဆူ၍ အာဘွားပေးသည့်ပုံစံအတိုင်းလုပ်ပြလိုက်သည်။ ကိုကိုကဖုန်းအနားနားသို့ နှုတ်ခမ်းကြီးကပ်ကာ အာဘွားများဆပ်တိုက်လှမ်းပေးသည်။
"အာဘွား မွမွမွမွ..."
"ဟီး..ကိုကိုရေဖုန်းထဲနှုတ်ခမ်းကြီးကျွံဝင်သွားပါအုံးမယ် ဖြေးဖြေးနမ်းပါကိုကိုရဲ့"
"မရဘူးကွာ နမ်းမှာပဲနမ်းမှာ အများကြီးနမ်းမှာပဲ..."
သံစဉ်နှင့်တောင်သီဆိုပြီး ဖုန်းကြီးကိုနမ်းနေသည့်ကိုကို့နှုတ်ခမ်းကြီးဟာ ခမ်းလေးဘက်တွင်တော့ phone screen အပြည့်ကြီးဖြစ်နေလေသည်။
"ဖုန်းနဲ့နမ်းရတာအားကိုမရဘူးကွာ ကိုကိုကအပြင်မှာ ပါးလေးတွေကိုဖိဖိနမ်းချင်တာ "
"အဟွန်း...အခုလဲဖုန်းထဲကလှမ်းနမ်းနေတာနဲ့ ပါးတောင်ကြိမ်းတိမ်းတိမ်းဖြစ်နေတာ အပြင်မှာသာကိုကိုလာနမ်းလို့ကတော့ ရောင်ပြီးပါးလေးဖောင်းတတ်လာမှာတော့"
"ဒါပေါ့ ပြန်လာရင် နှစ်နာရီလောက်ဘာမှမလုပ်ပဲထိုင်နမ်းပစ်မယ် ဒါမှကိုကိုအလွမ်းပြေမှာ"
"ခစ်ခစ်...ကိုကိုတအားဆိုးတာပဲ သူများကိုနှစ်နာရီကြီးတောင်နမ်းမလို့တွေးနေတာပေါ့"
"တွေးတာမဟုတ်ပါဘူးကွ လုပ်ကိုလုပ်မှာ ပူတင်းလေးစောင့်နေ ကိုကိုအပြောနဲ့အလုပ်နဲ့ညီတယ်ဆိုတာသက်သေပြမယ်ကြည့်ထား"
ВЫ ЧИТАЕТЕ
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Любовные романы"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
