Part - 66

17.5K 451 57
                                        

အခန်း - ၆၆
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်

"Hello ကေပြော"

"အကို အဟင့်...ကေ့အိမ်ကို သူခိုးကပ်နေတယ်အကို ကယ်ပါအုံး"

"ကေစိတ်ကိုအေးအေးထားနော် အကိုလာခဲ့မယ် ရဲစခန်းကိုလဲဖုန်းဆက်လိုက်မယ် လုံခြုံတဲ့နေရာမှာ သေချာပုန်းနေနော် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လဲတစ်ခုခုယူထား မကြောက်နဲ့ကြားလား အကိုလာခဲ့မယ်"

သူမှာစရာရှိတာမှာကာ ဖုန်းကျသွားသည်နှင့် အရင်ဆုံးညီမလေးကိုဘယ်လိုလုပ်ရမလဲတွေးရ၏။ ညီမလေးကိုတစ်ယောက်ထဲထားခဲ့ပြီး သူမသွားနိုင်ပေ။ တော်ကြာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ ညီမလေးပါ တစ်ခုခုဖြစ်သွားရင်ဖြင့် အပူနှစ်ပူတောင်မှ ထပ်သွားရမည်မဟုတ်လား။

"တကယ်လို့ညီမလေးနိုးလာရင် ကျွန်တော့ကိုရှာလိမ့်မယ် အကျိုးအကြောင်းသေချာပြောပြပေးပါနော်ကိုဆန်းသစ်"

"စိတ်ချငါ့ညီ "

"ကြီးမေလဲရှိတာပဲသားရယ် ထားခဲ့ထားခဲ့ ကြီးမေသေချာကြည့်ပြီးပြောပေးထားမယ်"

"ဟုတ်ကဲ့ကြီးမေ ကျေးဇူးပါဗျ ကျွန်တော်လဲအလျှင်လိုနေလို့ပါဗျာ ဒါဆိုသွားပြီနော်ကိုဆန်းသစ် ကြီးမေသွားပြီနော်"

"အေးအေး​သား"

တအားအိပ်နေသည့်ညီမလေးကိုပွေ့၍ ကြီးမေအခန်းထဲထည့်သိပ်ခဲ့ကာ ကေ့ဆီသို့ချက်ချင်းပြေးရသည့်ခွန်းစစ်မှာ ရဲစခန်းဆီဖုန်းဆက်၍ဖြစ်သည်။

တစ်နာရီလောက်ကားမောင်းရသည့်အကွာအဝေးကို ညအချိန်မတော်ကားလမ်းများရှင်းနေသည်ကြောင့် အကြမ်းမောင်းလိုက်တော့ ၄၅ မိနစ်လောက်နှင့်ရောက်သွားလေတော့၏။ ကေ့အိမ်တွင် မီးများထိန်လင်း၍ ရဲကားများလဲရောက်နေသည်ကိုတွေ့မှ ခွန်းစစ်စိတ်အေးသွားရပြီး သက်ပြင်းချနိုင်လိုက်သည်။

"ဘာဖြစ်သွားသေလဲကေ"

"ကေတော့ဘာမှမဖြစ်ပါဘူး"

"တော်သေးတာပေါ့"

"ဒီကညီလေးက..."

"ကျွန်တော့ညီမလေးပါဗျ အကိုတော်ပါတယ်"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Место, где живут истории. Откройте их для себя