Part - 26

15.1K 321 13
                                        

အခန်း - ၂၆
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်

ကိုကိုအပါအဝင် ခမ်းလေးတို့တစ်အိမ်လုံးဟာ ဖွားလေးတို့ဆီရောက်နေကြသည်။ အလှူရက်ကမနက်ဖြန်ဖြစ်သည်ကြောင့် မေမေတို့က လူကြီးများနှင့် ပြင်ဆင်စရာရှိတာပြင်ဆင်ကြသလို ခမ်းလေးလဲ အိမ်ပတ်လည်သည်။

"ကိုကို"

"ဗျာ"

"ခဏနေလေ သဲစုလေးတို့အိမ်ကိုသွားမယ်နော်"

"အဲ့ကလေး ပြန်ရောက်ပြီလား"

"အွန်း ကျောင်းဆင်းလာပြီလေ ကလေးတွေပြန်လာတာတွေ့တယ် သဲစုလေးလဲပြန်လာပြီထင်တယ်ကိုကို"

"ကိုကိုဒါလေးစားပြီးရင်သွားမယ် အချိန်မှီတယ်မလား"

"ဟုတ်"

အိမ်ပတ်လည်းရင်းမောလို့အသုတ်လေးဝင်စားနေသည်မှာ ကိုကိုကမပြီးသေးသည်ကြောင့် ခမ်းလေးထိုင်စောင့်ပေးရသည်။

"ဦးကြည်မရေ ဦးကြည်မ"

"မမ"

"ဟယ်သဲစုလေး"

ကျောင်းဂါဝန်အဖြူအစိမ်းလေးနှင့် သဲစုလေးကပြေးလာကာ ခမ်းလေးလက်ကိုဆွဲ၍ အိမ်အောက်ခေါ်သွား​လေသည်။

"ဒီကိုကိုက"

တန်းလျားစားပွဲတွင်ထိုင်သည့်အခါ ကိုကို့ကိုကြည့်၍ မေးလေသည်။

"မမရဲ့ကိုကိုလေ သဲစုလေးမမှတ်မိဘူးလား"

"ဟွန့်အွန်းမမ မှတ်မိဘူး"

"ဘယ်မှတ်မိမလဲ အဲ့တုန်းကငယ်သေးတာကိုးပူတင်းလေးရ"

"ဟုတ်တယ်နော် အဲ့တာဆိုလဲအခုမှတ်ထားတော့ ဒါကမမရဲ့ကိုကို သဲစုလေးရဲ့ကိုကိုဆိုလဲဟုတ်တယ်"

"ဟုတ် သဲစုမှတ်ထားမယ်"

အံမယ်ဗျာ။ မမရဲ့ကိုကိုတဲ့။

"ကိုကိုက သဲစုတို့နဲ့အတူနေမှာလားဟင်မမ"

"မနေဘူးလေ ကိုကိုကပြန်မှာသဲစုလေးရဲ့ မမလဲခဏတော့လိုက်သွားရအုံးမှာ မကြာပါဘူးတစ်လလောက်ပဲ ပြီးရင်မမပြန်လာပြီးကျောင်းပြန်တက်မှာ"

"ဟုတ်"

"ပူတင်းလေးကရန်ကုန်မှာမနေဘူးလား"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Место, где живут истории. Откройте их для себя