Part - 46

16.2K 344 12
                                        

အခန်း - ၄၆
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်

"ဒါကိုလက်စသတ်ပေး အကိုမပြန်ခင်တစ်ခါထဲလုပ်သွားချင်တာ"

"ဟုတ်ကဲ့"

ချွန်မြထက်လှသည့်ဒေါက်ဖိနပ်ကို တစ်ဂွက်ဂွက်မြည်အောင်လျှောက်လျှက် အခန်းအပြင်သ်ို့ထွက်သွားသည့် လှပသည့်အမျိုးသမီးတစ်ဦး။ ထိုသူသည် ခွန်းစစ်သူငယ်ချင်း၏ ညီမဖြစ်သူ ကေကေဆိုသူပင်ဖြစ်သည်။ အတွင်းရေးမှူးအနေဖြင့် လုပ်ချင်သည်ဆို၍ ခဏခေါ်ထားခဲ့သည်မှာ ယခုတော့အလုပ်နှင့် အသားကျနေလေပြီပင်။ တော်ပါသည်။ ထက်မြက်သည်။ ငယ်ရွယ်ပြီး လှပကျော့ရှင်းသည်။ ခက်သည်က အလှအင်မတန်ပြင်လွန်းသည်ပင်။

စီးပွားဖက်များနှင့် တွေ့ရသည့်အခါ စကားများများမပြောရလေအောင် ထိုအလှအပသည် အသုံးဝင်သည့်လက်နက်တစ်ခုဖြစ်သလို အန္တရာယ်လဲသိပ်များလှသည်။ အလှအပနှင့်မြူဆွယ်ပြီး လုပ်ငန်းလုပ်ရလောက်သည့်အနေအထားမဟုတ်သည်ကို သူမလဲ သိပေသည်။ သို့သော်လည်း သူမသည် အင်မတန်အလှပြင်လွန်းလှပါသည်။

ကိုယ့်ဘေးတွင် အလှပဂေးရှိနေသည်ကြောင့် ကိုယ့်ကိုယ်စိတ်ပူခြင်းမျိုးတော့ လုံးဝကိုမရှိချေ။ ဘာကြောင့်ဆို ပူတင်းလေးက သူမထက်အဆပေါင်းများစွာချစ်စရာကောင်းပြီး အစပေါင်းများစွာ ပိုလှပပါသည်။

အလှအပကို အရသာခံ၍ကြည့်နေခြင်းမျိုးကြောင့် သူမလှပသည်ကို သိခဲ့ခြင်းမဟုတ်ပါပေ။ အငေးကောင်းလွန်းလှသည့် တစ်ဖက်စီးပွားဖက်များကြောင့် ထိုသူများ၏ မျက်လုံးအကြည့်အတိုင်းလိုက်ကြည့်၍ သတိထားမိခဲ့ခြင်းသာဖြစ်သည်ကိုတော့ သူ့ဘက်ကအာမခံနိုင်ပါသည်။

"အကို"

"အင်း အဲမှာချခဲ့"

"Coffee သောက်မလားအကို kay ဖျော်ခဲ့ပေးမယ်"

"no က်ိုယ်မသောက်တော့ဘူး"

"ဟုတ်ကဲ့"

.........

"ကိုကိုရောက်ပြီလား"

"အွန်း...ကိုကိုရောက်ပြီ"

"ခဏနော်ကိုကို"

ခြံအပြင်တွင်သာစောင့်နေသည့်ကိုကို့ဆီမသွားမှီ ခွေးလေးသွားကိုင်လိုက်၏။ ချစ်စရာကောင်းလွန်းသည့် အဖြူနှင့်အနက်လေးကိုရောစပ်ထားသည့် ခွေးသေးသေးလေးကို ခမ်းလေးအူယားကာ တအားချစ်ရသည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Onde histórias criam vida. Descubra agora