Part - 76

16.5K 336 8
                                        

အပိုင်း-၇၆
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်

အိမ်သို့ပြန်ရောက်သည့်အခါ ကောက်နေပြီဖြစ်သည့်ပူတင်းလေးကြောင့် ခွန်းစစ် ဘယ်လိုချော့ရမလဲ စဉ်းစားရ၏။ အာဘွားပေးပြီးချော့ရအောင်ကလဲ အိမ်ပေါ်မတတ်ပဲ ဧည့်ခန်းတွင်သာထိုင်နေသည့်အခါ မမူတို့ရှိသည်ကြောင့် အမြင်မသင့်တော်ဘူးဟုထင်၍ ပူတင်းလေးဘေးသာ ကပ်ထိုင်နေမိ၏။

"ပူတင်းလေး..."

အရေးမလုပ် လက်လေးပိုက်ကာ တစ်ဖက်သို့လှည့်သွားလေ၏။

"ကိုကိုပြောအုံးမယ်ကွ လာပါအုံးပူတင်းလေးရဲ့ဒီဘက်လေးလှည့်ပါအုံး"

"ဟွန်း...."

"ကိုကိုတမင်မပြောတာမဟုတ်ဘူးပူတင်းလေးရဲ့ ကိုကိုတို့ပြန်​ဆုံကြတော့ ပျော်ပျော်ရွှင်ရွှင်လေးပဲနေချင်ခဲ့တာလေကွာ အဲ့လိုအပူတွေမပေးချင်လို့ကိုကိုကမပြောတာပါ"

"နော်... ကိုကို့ကိုစိတ်မဆိုးပါနဲ့ကွာနော် ကိုကိုထိန်ချန်ထားတာမှန်ပေမယ့် နောက်ရက်တော့ပြောပြမယ်လို့တွေးထားတာပူတင်းလေးရဲ့"

ခမ်းလေးကိုကို့ဘက်သို့လှည့်လာလိုက်တော့ ကိုကိုကမျက်နှာငယ်လေးနှင့် ခမ်းလေးကိုကြည့်လေ၏။

"အမရာ့ကိုပြောမှ ခမ်းလေးသိရတာလေ ကိုကိုကြိုပြောလို့လဲရတဲ့ကိစ္စကို အချိန်ဆွဲတာလဲတော်ရုံပဲဆွဲပေါ့.. နောက်က ဘယ်နောက်လဲ ဘယ်နောက်ရက်ကိုဆိုလိုတာလဲပြော...."

"မဟုတ်ပါဘူး ကေနဲ့ပြောတုန်းကလွှတ်ခနဲထွက်သွားတာ ပူတင်းလေးကိုကြိုပြောဖို့တွေးထားပေမယ့် ကိိုကိုပြောမထွက်လို့ပါ"

"ဘာဖြစ်လို့ပြောမထွက်တာလဲ"

"ကိုကိုကားတိုက်ခံရတဲ့ကိစ္စကို ပူတင်းလေးသိရင် စိတ်မကောင်းဖြစ်သွားမှာဆိုးလို့"

"ခမ်းလေးခံစားရမယ်ဆိုတာကဟုတ်ပါတယ် ဒါပေမယ့် ကိုကိုသေပြီဆိုတဲ့ကိစ္စကြီးတောင် ခမ်းလေးကျော်ဖြတ်ခဲ့ရတာပဲ....ဒါလောက်တော့ ခမ်းလေးခံစားရလဲနည်းနည်းပေါ့"

"ကိုကိုကားတိုက်ခံရတာကို ဝမ်းမနည်းဘူးလို့ပြောတာမဟုတ်ဘူးနော် ကိုကိုတစ်ယောက်လုံး မျက်စိရှေ့မှာ အကောင်းပကတိနဲ့ပြန်ရောက်လာပြီဆိုတော့ အဲ့လိုကိစ္စကိုခမ်းလေး တအားမခံစားရပဲ ကျော်သွားနိုင်တယ်လို့ပြောတာ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Место, где живут истории. Откройте их для себя