အပိုင်း - ၇၀
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
မနက် ၇ နာရီခန့်တွင် ထမင်းစားရန် အောက်သို့ဆင်းရမည်ဖြစ်သော်လည်း ဒိုင်ယာရီစာအုပ်လေးကိုလှန်၍ဖတ်နေသည့်ခမ်းလေးမှာ ပြုံး၍ဖြစ်သည်။ ကုတင်ထက် မှောက်လျှားလေးထိုးကာ ခြေထောက်လေးများထောင်ပြီး ရမ်းရင်းဖြင့် ကိုယ်တိုင်ရေးထားသည့်စာလေးများကို သဘောကျ၍ တစ်ခစ်ခစ်နှင့်ပါရယ်မိ၏။
"ဘာစာတွေဖတ်နေတာလဲကွ"
"ခမ်းလေး ဒိုင်ယာရီလေးရေးထားတာလေး ဟိုးအရင်ကအဟောင်းလေးပါ ဖတ်ချင်လို့ပြန်ဖတ်နေတာကိုကိုရဲ့"
"ကိုကို့ကိုပြပါအုံး"
"အယ်..."
ခမ်းလေးအင်တင်တင်လေးဖြစ်သွားရပြီးမှ ကိုကို့ရှေ့သို့ စာအုပ်လေးထိုးပေးလိုက်၏။ ခမ်းလေးဘေးသို့ ဝင်အိပ်ပြီး ခမ်းလေးနည်းတူ မှောက်လျှားထိုးကာ စာအုပ်ကိုဖတ်ဖို့ပြင်နေသည့်ကိုကိုကြောင့် ခမ်းလေးသေချာကြည့်၏။ ခမ်းလေးအမျိုးသားလေးက ချောလိုက်တာလေ။
ခွန်းစစ်လက်ထဲရောက်လာသည့် အပြာနုနုစာအုပ်လေးကို လှန်၍ပထမတစ်ရွက်ကိုဖတ်ကြည့်မိသည့်အခါတွင် တစ်နေ့တာတွင် ဘာလုပ်တယ်၊ ဘယ်သွားတယ်နှင့် ပုံမှန်ရေးထာသည့်စာလေးများကိုတွေ့ရ၏။ ထို့နောက် ထပ်လှန်လိုက်သည့်စာရွက်လေးမှ စာလေးဟာ ....။
**နဂါးမောက်သီးလေးဝင်ယူမိပါတယ် ကိုကိုခိုးပြေးတာခံလိုက်ရတယ်တဲ့လေ။ ဟွန်း...လူကို သူ့အပိုင်၊ သူပိုင်ပါတယ်လို့ကြည့်ပြောပြီး ငြင်းမရအောင်ချုပ်နိုင်တာကြီးကို လက်လန်တယ်။
အခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားရပြီပေါ့။ ယောက်ျားမယူသေးပါဘူးဆိုမှ ယောက်ျားကြီးက လာယူသွားပြီတဲ့လေ။
မကျေနပ်ဘူး ကိုကို့ကိုမကျေနပ်ဘူး။ **
ထိုစာရွက်လေးကိုဖတ်ပြီး ညီမလေးကိုသူလည်ပြန်ကြည့်လိုက်တော့ ဟီခနဲနေအောင်ရယ်ပြလေ၏။
"ဒိုင်ယာရီမဟုတ်ပဲ မကျေနပ်ချက်ကို ရေးထားတဲ့စာအုပ်ပဲကွ"
"အဲ့တုန်းက နဲနဲစိတ်ဆိုးနေလို့ကိုကိုရဲ့"
BẠN ĐANG ĐỌC
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Lãng mạn"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
