Part - 54

14.1K 454 86
                                        

အခန်း - ၅၄
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်

"သမီးလေး အောက်ကိုဆင်းရအောင်လေ သား​ကိုပို့ရတော့မယ်သမီး"

"ဘာကိုလဲမေမေ"

"သားကို ခေါ်ထားလို့မရဘူးသမီးရဲ့ သားလေးကိုမေမေတို့လိုက်ပို့ရအုံးမယ်လေ"

မေမေ့စကားကိုကြားသော်လည်း ခမ်းလေးပြန်မတုန်မလှုပ်ဖြင့် ထိုင်မြဲတိုင်းထိုင်နေလိုက်သည်။

"သားလေးကိုမေမေတို့မှလိုက်မပို့ရင် သားလေးအထီးကျန်နေမှာ သမီးကိုကိုကိုလိုက်ပို့ရအောင်လားသမီး"

ကိုကိုအထီးမကျန်ပါဘူးမေမေရယ်။ ကိုကို့မှာ မီးမီးရှိတယ်လေ။
ကိုကို့မှာ မီးမီးတစ်ယောက်လုံးရှိသေးပါတယ်မေမေရယ်။

သမီးလေးက ငိုလဲမငို ဘာမှလဲမပြောပဲ မျက်နှာလေးဟာ ညိုးငယ်စွာဖြင့်သာ ထိုင်မြဲတိုင်းထိုင်နေသည့်အခါ ရွှေကူသမီးလက်လေးကို ဖွဖွဆုပ်ကိုင်လိုက်သည်။

"သမီး လာ တီလေးတွဲပေးမယ် ထ သမီး သမီးစိတ်ကိုအဲ့လိုမထားရဘူးလေ ဖြစ်ချိန်တန်လို့ဖြစ်ပြီးကုန်ကြပြီ ကျန်တဲ့မိသားစုက ဝမ်းနည်းတာဝမ်းနည်းတာပဲ သွားလေသူကို စိတ်မဖြောင့်အောင်မလုပ်ရဘူးလေကွယ် လာတီလေးတို့အောက်ကိုသွားရအောင်လို့"

ရွှေကူ သမီးကိုယ်လေးကိုထိန်း၍ အောက်သို့ခေါ်လာခဲ့သည့်တိုင် သမီးက မငိုပဲပါလာလေပြီး ​အောက်ရောက်တော့လဲ လူများကိုလိုက်ကြည့်ကာ ငြိမ်ငြိမ်လေးထိုင်နေရှာသည်။

ခမ်းလေးဘေးတွင် အားလုံးက ကိုကို့ဓာတ်ပုံကို ကြည့်ကာ ငိုနေသည်ကို အလိုမကျစွာဖြင့် ထိုဓာတ်ပုံကိုကြည့်နေမိသည်။

"ကိုကို့ ဒီပုံကချောလဲမချောဘူး အော်...ခမ်းလေးကိုကိုက အပြင်မှာပိုချောတာပဲ"

စိတ်ထဲမှတွေးရင်းဖြင့် ခမ်းလေးပြုံးမိသည်။ ကိုကိုသိရင်တော့ ကျွန်တော့ပုံကြီးမလှဘူးဆိုပြီး အန်ကယ်ခွန်းတို့ကို ဆူတော့မှာပဲ။

"သမီး သမီး..."

"ဟင်မေမေ"

သမီးဆီမှ အသံလေးပြန်ကြားရ၍ တော်သေးသည်ဟုတွေးမိလိုက်ပေမယ့် သမီးမျက်ဝန်းများကိုတွေ့ရသည့်အခါ မဟုတ်သေးပါဘူးဟု အတွေးဝင်မိပြန်သည်။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Onde histórias criam vida. Descubra agora