Part - 55

13.5K 362 38
                                        

အခန်း - ၅၅
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်

ကိုကိုမရှိသည့်နေ့ရက်များသည် အလွန်တရာမှ ခြောက်ကပ်ပြီး အသက်ရှင်ချင်စိတ်တောင် မရှိတော့သည်အထိ ခက်ခဲလှလေသည်။ ဒါတောင် ရက်​လည်သည့်နေ့လေးပဲရှိသေးသည်ဖြစ်သည်။

"အို...ကိုကိုရယ် ကိုကိုမရှိပဲ ခမ်းလေးဘဝကြီးကို ဘယ်လိုဖြတ်သန်းရပါ့မလဲ"

ကိုကို့အခန်း၏ ကုတင်လေးထက် လှဲနေဆဲဖြစ်သည့် ခမ်းလေးဘေးသို့ မေမေက ထမင်းပန်းကန်လေးများ လာချပေးလေသည်။

"သမီး ခဏနေအိပ်ရင် သမီးဖေဖေနဲ့မေမေလာအိပ်ပေးမယ်နော်"

"ဟင့်အင်း သမီးတစ်ယောက်ထဲပဲအိပ်ချင်တယ်မေမေ"

"ဒီတစ်ညလေးပဲသမီး မေမေတို့ဒီတစ်ညလေးပဲအိပ်မှာပါ နောက်​ရက်တွေကျမှသမီးတစ်ယောက်ထဲအိပ်လေ အဲ့ကျမေမေခွင့်ပြုတယ် နော်သမီး"

မေမေ့ကို ခမ်းလေးခေါင်းသာညိမ့်ပြလိုက်သည်။ မေမေတို့ဘာကြောင့်လာအိပ်ချင်ကြလဲ ခမ်းလေးသိသည်။ ခွင့်မပြုဘူးပြောလျှင်လဲ မရရတဲ့နည်းနဲ့ ဒီညတော့ ခမ်းလေးအနားရှိပေးကြမှာပဲလေ တားမနေတော့ပါဘူး။

ကိုကိုသိလား။ ရက်လည်နေ့ပြီးရင်လေ ကိုကိုဒီအိမ်မှာဆက်နေလို့မရတော့ဘူးတဲ့ ခမ်းလေးအနားကိုကိုဆက်နေချင်ရင်တောင် ကိုကို့ကို အိမ်စောင့်နတ်တွေက အိမ်ထဲဝင်ခွင့်မပြုကြတော့ဘူးတဲ့လေ။ ကိုကိုဘယ်လိုလုပ်မလဲဟင် မဟုတ်လဲ ခမ်းလေးအိမ်အိမ်ပြင်ကိုထွက်နေရမလား။ ကိုကိုနဲ့အတူရှိချင်လို့ ခမ်းလေးအိမ်အပြင်မှာပဲနေမယ်လေ ဒါဆို ကိုကို့ကို အိမ်စောင့်နတ်တွေတားလို့မရတော့ဘူးပေါ့...။

"မေမေတို့ တီတီတို့ပြောတာကြားလိုက်ရတယ်ကိုကို ကိုကိုဒီညခမ်းလေးတို့ကို လာနှုတ်ဆက်မယ်ဆို ကိုကိုထွက်သွားပြီဆိုတာကို သိသိသာသာနဲ့ လာနှုတ်ဆက်တော့မှာဆို"

"ခမ်းလေးတော့ဒါကိုမယုံဘူး ကိုကိုဒီရှေ့ရက်တွေလဲ ဘယ်သူ့ကိုမှ မခြောက်လန့်ခဲ့​ဘူးလေ။ ဒီလိုတွေးလိုက်လို့ ကိုကိုသေပြီလို့ သတ်မှတ်လိုက်တာမဟုတ်ပါဘူး... ကိုကိုကလေ ခမ်းလေးရဲ့နှလုံးသားထဲမှာ အမြဲရှင်သန်နေတာကိုကိုသိတယ်မလား ဖြစ်နိုင်ရင်လေ ကိုကိုဒီည ခမ်းလေးဆီမလာပါနဲ့ ....ကိုကိုလာရင် ကိုကိုသေပြီလို့ ခမ်းလေးသတ်မှတ်လိုက်ရတော့မှာ ကိုကိုမလာပါနဲ့နော် ...."

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Donde viven las historias. Descúbrelo ahora