အခန်း - ၆၉
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
"သားလေးသတိရပြီသမီး"
"ဘယ်လိုနေသေးလဲမေမေ"
"သက်သာတယ်လို့တော့ပြောတယ် ဆရာဝန်ကလဲဆေးရုံဆင်းချင်ဆင်းလို့ရပြီတဲ့"
"ဟုတ် ဒါဆိုမီးမီးပြန်တော့မယ်"
"သားနဲ့အတူမပြန်ဘူးလားသမီးရဲ့"
ခမ်းလေးခေါင်းရမ်းပြပြီး နားနေသည့်အခန်းထဲမှထွက်လာခဲ့လိုက်၏။ ကိုကိုသတိရသည်ကိုလဲသိသည်။ ဆရာဝန်တွေဝင်လိုက်ထွက်လိုက်နှင့်လုပ်နေသည်ကိုလဲသိသည်။ သို့ပေမယ့် သွားမကြည့်ချင်၍ တမင်ထိုင်နေခြင်းမှ မေမေကိုယ်တိုင်လာပြောသည်ကြောင့် စိတ်ချရပါပြီလေ။
ကိုကိုသွားချင်တဲ့နေရာကိုသွားပါတော့ဟုမပြောခဲ့ပေမယ့် ကိုကိုနားလည်မှာပါ။ ခမ်းလေးလဲ ကိုကို့နောက်ကိုမလိုက်တော့ပါဘူး။ ကိုကိုစိတ်ချမ်းသာသလို ကိုကိုလုပ်ချင်သလိုသာလုပ်ပါတော့ကိုကိုရယ်။
"မမူ ညီမလေးရော"
"အိမ်ပေါ်မှာငါ့မောင် "
"အိပ်နေတာလား"
"အဲ့လိုတော့မဟုတ်ဘူး အင်္ကျီချုပ်နေတာ"
"အင်္ကျီချုပ်နေတယ်"
"ဟုတ်တယ် ညီမလေးစိတ်ပင်ပန်းတဲ့အခါ အဲ့လိုချုပ်တတ်တယ် သွားတော့နှောက်ယှက်လို့မရဘူးတော့ တံခါးကို lock ချပြီးတစ်နေကုန်နေတာ"
"အဲ့အကျင့်ဖြစ်တာကြာပြီလား"
"ငါ့မောင် မရှိတဲ့ ၇ လအတွင်းပဲဆိုပါတော့"
ခွန်းစစ်သက်ပြင်းချရင်းဖြင့် ဆိုဖာပေါ်ထိုင်လိုက်၏။ အဲ့အကျင့် အရင်ကညီမလေးဆီတွင်မရှိမှန်း သူဘယ်လိုသိပါလိမ့်ဟုထိုင်တွေးရင်းဖြင့် ခေါင်းအနည်းငယ်ကိုက်လာရတော့သည်။
..........
မနက်ကတည်းက တစ်ယောက်ထဲဖြစ်နေသည့်ခွန်းစစ်မှာ ညနေရောက်တဲ့အထိ တစ်ယောက်ထဲဖြစ်နေဆဲဖြစ်သည်။ ဘာ့ကြောင့်ဆို ညီမလေးကဆင်းမလာ၍ သူတစ်ယောက်ထဲသာ အိမ်အောက်တွင် ထိုင်လိုက်ထလိုက် အပေါ်တတ်ပြီးလှဲလိုက်နှင့်ရှိနေရ၏။ ဒါ့ကြောင့် အချိန်ခဏမျှ သူထိုင်စဉ်းစားပြီးသည်နှင့် မမူတို့ ၃ ယောက်လုံးကို ခွန်းစစ်ခေါ်တွေ့သည်။
VOUS LISEZ
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Roman d'amour"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
