Part - 60

18.5K 427 62
                                        

အခန်း - ၆၀
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်

ခွန်းစစ်ရေချိုးကာ အောက်သို့ဆင်းလာသည့်အခါ ထမင်းဝိုင်းလေးအသင့်ပြင်ကာ ထိုင်​နေသည့်ညီမလေးကိုတွေ့ရ၏။

ငပိရည်ကျိုနှင့် တို့စရာအပြင် အခြောက်အခြမ်းအကြော်လေးများကို စားချင်စဖွယ်ပြင်ထားသည့် ထမင်းဝိုင်းလေးကိုမြင်တော့ သူစားချင်စိတ်များဖြစ်လာရ၏။ ငပိရည်ကျိုကို သူဟိုဘက်နိုင်ငံမှာတုန်းက စားချင်နေခဲ့တာလေ။

"မင်းချက်ထားတာလား"

"ဟုတ် ခမ်းလေးအတို့အမြှပ်ပြုတ်ထားတာ"

"ဒါတွေကရော "

"ဒါတွေက မမူတို့ချက်ပေးခဲ့တာကိုကို"

"မမူဆိုတာ"

"ခမ်းလေးအဖော်ရအောင်ခေါ်ထားတဲ့ ကြီးမေနဲ့မမူလေ မနေ့ကထိ အိမ်မှာရှိသေးတယ် ဝါဆိုသင်္ကန်ကပ်မယ်ဆိုလို့ ၂ ရက်ခွင့်ပေးထားတယ်ကိုကိုရဲ့... ဒါလဲမမူတို့ချက်ပေးခဲ့တာပဲ အခြောက်အခြမ်းအကြော်လေးကလဲ မနေ့ကမှကြော်ထားတာ အခုခမ်းလေးထပ်ပြီး ပူရုံလေးနွေးထားသေးတယ် ငပိရည်လေးလဲပြန်ကျိုထားတယ်ကိုကို"

"ဒါဆို တို့စရာပဲမင်းလုပ်ထားတာပေါ့"

"ဟီး... အဲ့လိုလဲဟုတ်တယ်"

"တကယ်လို့အဲ့မမူဆိုတဲ့လူတွေမရှိရင် ကိုယ့်ကိုဘယ်သူကချက်ကျွေးမှာလဲ မိန်းကလေးဆိုတာ ချက်ပြုတ်တတ်ရတယ်ကွ"

"ခမ်းလေးချက်တတ်ပါတယ်ကိုကိုရဲ့ ကိုကို့ကိုအငတ်မထားပါဘူး ချက်ကျွေးမှာပေါ့"

ကိုကိုက ချက်ကျွေးမယ်ပြောတော့ လူကိုမယုံသင်္ကါနှင့်ကြည့်၏။ ခမ်းလေး ရုပ်လေးပြောင်ကာဖြင့်...။

"ခမ်းလေးချစ်ရတဲ့အမျိုးသားပဲဟာ ချက်ကျွေးမှာပေါ့လို့ ကိုကိုဗိုက်ဆာတယ်သာပြောလိုက် ထမင်းပါမဟုတ်ဘူး လူပါစားလို့ရအောင် အသင့်ပြင်ထားပေးမယ်ကိုကို"

"မင်း..."

"ဟီး...ကိုကိုစားနှင့်နော် ခမ်းလေးရေသွားချိုးအုံးမယ်"

ခွန်းစစ်မှာ ညီမလေးအပြောကို ရှက်ကာမျက်နှာကြီးရဲ၍ ကျန်ခဲ့ရသည်။ ဒီကောင်မလေး အပြောရဲလှချည်လား။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Donde viven las historias. Descúbrelo ahora