အခန်း - ၆၁
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
"ကိုယ်ပြန်ရောက်ပြီ"
ဆိုဖာပေါ်ထိုင်နေသည့်ညီမလေးကို ပြန်ရောက်ပြီဟုပြောလိုက်တော့ ပြုံးပဲပြပြီးဘာမှ ပြန်မပြောပေ။ ကားသော့ကို စားပွဲခုံပေါ်တင်၍ ဆိုဖာပေါ်ဝင်ထိုင်ကာ ရေတစ်ခွက်ကိုသောက်၏။ ထိုအချိန်ထိ ဘာမှမပြောသည့်ညီမလေးကို သူလှည့်ကြည့်လိုက်တော့ ဖြူဖျော့ကာ မှိန်းနေသည်ကိုတွေ့ရ၏။ ညီမလေးပုံစံက ခါတိုင်းလိုမဟုတ် ခပ်နွမ်းနွမ်းဖြစ်နေသည့်အခါ စိတ်ပူသွားရသည်။
"ဘာဖြစ်လို့လဲ နေမကောင်းလို့လား..."
"ခေါင်းမူးလို့"
"ဖြစ်တာကြာပြီလား"
"အခုမှဖြစ်တာ"
"ဆေးခန်းသွားမလား ကိုယ်လိုက်ပို့မယ်"
"ဟွန့်အွန်း အရမ်းမူးနေလို့မသွားချင်ဘူး"
"အရမ်းမူးနေရင်ဒီအတိုင်းနေလို့ရမလား ကိုယ်ကဆရာဝန်မဟုတ်တော့ဘာဖြစ်မှန်းလဲမသိဘူး ဆေးခန်းသွားမယ်လာ "
"မူးလို့ပါဆို အော့..."
ခမ်းလေးဆက်မထိန်းထားနိုင်သည့်အခါ ဧည့်ခန်းတွင်သာ အန်ချမိသွားတော့သည်။ လူက ကိုကို့ကိုတစ်နေ့လယ်ခင်းလုံးအပူထဲမှာစောင့်ကြည့်ထားပြီး အေးမလို့ရှိသေး ကိုကိုတို့ကပြန်ဖို့လုပ်တော့ ကိုကို့ထက်အရင်အိမ်ရောက်အောင် မနည်းပြေးလွှားခဲ့ရသည်။ အစကတော့ ဘာမှမဖြစ်ပဲ အိမ်ထဲရောက်ခါမှ ခေါင်းတွေတအားမူးနေရသည်မှာလဲ ခမ်းလေးတစ်ခါမှ မခံစားဖူးသည့် ဝေဒနားမျိုးနှင့်ဖြစ်၏။
"အဟင့်..."
အန်ပြီး ငိုနေသည့်ညီမလေးကို သေချာစွာကျောလေးနှိပ်ပေးရသည်။
"ဒီလောက်ဖြစ်နေတာကိုကွာ အိပ်ရေးပျက်လို့နေမယ် ဒါမှမဟုတ်လဲအစားမှားလို့လား"
"ဟုတ်ဘူး heat exhaustion အပူရှပ်တာကိုကို ဟင့်....နေလို့မကောင်းဘူး"
"အပူရှပ်တာ မင်းဘယ်သွားထားလို့အပူရှပ်တာလဲ"
"သိဘူး အဟင့်...နေလို့မကောင်းပါဘူးဆိုမမေးနဲ့"
"ခက်တာပဲကွာ ခဏလောက်မှိန်းနေလိုက်အုံး"
BẠN ĐANG ĐỌC
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Lãng mạn"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
