အခန်း - ၆၇
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
"ကေ့ ခြံသော့ရော ခြံသော့ရောကွ"
"အကိုဘာလုပ်မလို့လဲ"
"ညီမလေးရောက်နေတယ် ခြံသော့ရောကေ"
"သူက ဘယ်လိုလုပ်ရောက်နေတာလဲ"
"ဒါကအရေးကြီးလား အပြင်မှာပူတင်းလေးတစ်ယောက်ထဲနေနေရတာကွ မင်းကိုခြံသော့ရောလို့မေးနေတာလေ ခြံသော့ရော"
"ဟ်ို...ဟိုမှာချိတ်ထားတယ်အကို "
ဒေါသမျက်လုံးတို့နှင့်ကေ့ကိုကြည့်ကာ အော်ပြောသည့်အကိုကြောင့် ကေထိပ်လန့်သွားရပြီး သော့ကို တုန်တုန်လှုပ်လှုပ်နှင့်လက်ညိုးထိုးပြလိုက်၏။
"နေအုံး အကိုအစောက ပူတင်းလေးလို့ပြောသွားတာမလား ဒါ ဟိုယူရီမကိုခေါ်နေကျ နာမည်လေ ဘာလဲ အကိုမှတ်မိသွားပြီလား ..."
"မဖြစ်နိုင်တာ ငါသေချာရှင်းထားတာပါ အကိုပြန်မှတ်မိတာလုံးဝမဖြစ်နိုင်ဘူး အကိုပြန်မှတ်မိလို့မရဘူး မရဘူး..."
တုန်လှုပ်နေသည့်စိတ်နင့်အတူ ဘေးမှနံရံသို့ လက်ထောက်၍ ကေအားယူကာ ရပ်ထားရ၏။ အကိုသာ ပြန်မှတ်မိသွားရင် ကေ့ကိုလွှတ်မပေးလောက်တော့ဘူး။
"ဘာလို့ထီးမယူလာတာလဲ ကိုကိုရွှဲကုန်ပြီ"
"ဘယ်လိုဖြစ်လို့ရောက်လာတာလဲကွာ လာအိမ်ထဲအရင်ဝင်ရအောင်လို့"
"ကိုကိုချီ လမ်းမလျှောက်နိုင်တော့ဘူး အဟင့်..."
"အင်း...ကိုကိုချီမယ်"
ခမ်းလေးကိုချီ၍ ကိုကိုကအိမ်ထဲခေါ်လာပြီး ဆိုဖာပေါ်ချပေးသည့်အခါ အိမ်တစ်ပတ်ကြည့်ပြီး ကိုကို့လက်မောင်းကို တင်းနေအောင်ဖက်ထားလိုက်၏။
ဆိုဖာတွေတော့စိုကုန်ပါပြီဟယ်။ မိယူရီမ နင်တအားရှုပ်တာပဲ။
"ဘာဖြစ်လို့လဲညီမလေး ခိုက်မိထားလို့လား"
"ကြောက်လို့ကိိုကို မိုးကြိုးတွေးပစ်နေတာကြောက်စရာကြီး"
"နင်ဘယ်လိုရောက်လာတာလဲ"
"ကိုကို့ကို ပေးစရာရှိလို့လာတာပါ မိုးတွေတအားရွာနေတော့ ဖုန်းလဲမဆက်ရဲဘူး မိုးကြိုးပစ်မှာကြောက်လို့လေ မိုးကြိုးက လူလိမ္မာလေးလဲပစ်တတ်တော့ ကြောက်လို့... ဘဲလ်တီးသေးတယ် ဘဲလ်ကအစုတ်ကြီးဆိုတော့ကိုကိုရယ် အသံလဲမထွက်ဘူး"
BẠN ĐANG ĐỌC
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Lãng mạn"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
