Part - 68

16.8K 470 36
                                        

အခန်း - ၆၈
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်

"ကိုကိုဘာဟင်းလဲ"

"ဟာ နိုးလာပြီလားကွ"

"ဟုတ်"

ညီမလေးအိပ်နေ၍မနှိုးပဲထားကာ ထမင်းစားနှင့်ဖို့ပြင်သည့်အနားသို့ အိပ်ချင်မူးတူးလေးဖြင့်လာထိုင်သည့်ညီမလေးကြောင့် ဟင်းပွဲတွေကိုကြည့်၍...။

"ဒါကပုဇွန်ချက်၊ ဒါက ခရမ်းသီးနှပ်၊ ဒါက ငါးပိရည်လေးနဲ့တို့စရာ၊ ဒါမုန့်ညှင်းရွက်ကြော်ညီမလေး"

"စားမလား ကိုကိုထမင်းထည့်ပေးမယ်"

ခမ်းလေးဗိုက်မဆာသော်လည်း ကိုကိုနှင့်အတူစားချင်သည်ကြောင့် ခေါင်းညိမ့်ပြလိုက်၏။

"ကေပြီးပြီအကို စားရအောင်လို့"

"အင်း..."

ထမင်းဝိုင်းဆီသို့ဝင်လာသည့်ကေကေကြောင့် ခမ်းလေးနှုတ်ခမ်းလေးဆူသွားရ၏။ သူကြီးနဲ့အတူမစားချင်ပါဘူးဆိုနေမှ စားရအုံးမှာပေါ့။

အိပ်ချင်မူးတူးမျက်လုံးကို မနည်းပြုးထားကာ ပလုတ်ကျင်း၍ ထမင်းဝိုင်းတွင်ပြန်ထိုင်သည့်ခမ်းလေးမှာ ကိုကို့ကို ပုဇွန်ချက်လေးထည့်ပေး၍ဦးချလိုက်၏။

"ညီမလေးရောစားလေ"

"ခမ်းလေးပုဇွန်နဲ့မတည့်ဘူးလေကိုကို"

"ဟာ ဟုတ်သားပဲကွ"

"ရတယ် ကျန်တာလေးနဲ့စားလိုက်မယ်"

အကြိုက်ဆုံးဟင်းဖြစ်သည့် ခရမ်းသီးနှပ်ဆီသို့ လက်လှမ်း၍ခပ်လိုက်သည့်အခါ...။

"အဲ့ထဲပုဇွန်ခြောက်ထည့်ချက်ထားတာ"

"ဟင်"

"ဟုတ်တယ် ပုဇွန်ခြောက်နဲ့ဆို လေးလေးလေးမလို့ထည့်နှပ်ထားတာ"

ကေကေ့စကားကြောင့် ခမ်းလေးမပျော်တော့ပေ။ ခရမ်းသီးနှပ်စားချင်ပါတယ်ဆိုမှ ပုဇွန်တွေနဲ့တဲ့။ ဘယ်တတ်နိုင်မလဲ ငါးပိရည်နဲ့ပဲစားရတော့မှာပေါ့။

"ဒီထဲလဲပုဇွန်တွေနဲ့ "

"အေးလေ အဲ့မှာပုဇွန်အကောင်လိုက်ကြီးလေ မမြင်ဘူးလား"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now