Part - 57

18.3K 391 29
                                        

အခန်း -
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်

"ကေမပါပဲ ဘယ်မှမသွားပါနဲ့လို့ အကို့ ကိုမပြောထားဘူးလား"

"ဘာလဲကေကေ ကိုယ့်ကိုချုပ်နှောင်ထားချင်နေတာလား ဒါမျိုးမရဘူးနော်"

"ကေပြောတာဒီလိုသဘောမျိုးမဟုတ်ပါဘူး အချိန်အခါမကျသေးတော့ တစ်ချို့တွေသိသွားရင်လဲ ကောင်းတဲ့အရာတွေဖြစ်မလာဘူးဆိုတာ အကို လဲသိနေတာပဲ"

"ကိုယ့်ဘက်ကရော သတိမထားပဲသွားလာနေလို့လား ဒီရောက်တော့ ကိုယ့်အိမ်ကိုလွမ်းတယ် လွမ်းလို့အိမ်ပြန်ချင်တာတောင် မင်းစကားကြောင့်မပြန်ခဲ့တဲ့ကောင်ပါကွ"

"ကေသိပါတယ် အိမ်မှမဟုတ်ဘူး အကို့ကိုဘယ်ကိုမှကေကမသွားစေချင်သေးတာ သဘက်ခါဆိုပဲ တရားဝင် ကို ပြန်နေလို့ရပါပြီလို့ပြောထားရက်နဲ့ မစောင့်နိုင်ပဲသွားလို့ ကေကစိတ်ဆိုးတာ"

"ကိုယ်မချော့တတ်ဘူးကေ မင်းစိတ်ဆိုးလဲမတတ်နိုင်ဘူး ကိုယ်အိပ်တော့မယ် မင်းလဲစောစောအိပ်ပါ"

အရက်အမြဲသောက်ပြီး စိတ်ကြမ်းလာသည့်လူတစ်ယောက်၊ ကေ့ကိုမင်းဟဲ့ ကိုယ်ဟဲ့နဲ့ပြောတတ်တဲ့လူတစ်ယောက်၊ ကေ့ကိုဆိုကြင်နာမှုမရှိသည့်လူကိုမှ ကေဘာလို့များဖက်တွယ်နေမိတာလဲ။ ဒါပေမယ့်လဲ ကေ့စကားဆို ၃ ပုံ ၂ ပုံလောက်တော့ နားထောင်သေးသည်မို့ ကေကျေနပ်ပါသည်။ အဓိကက ဒါပဲလေ ဒီလူ့ကို ကေထိန်းချုပ်နိုင်ရမယ် ကေပဲမောင်ပိုင်စီးနိုင်ရမယ် ကေပဲချယ်လှယ်နိုင်ရမယ်။ ကိုက ကေ့အရိပ်အောက်မှာ အမြဲပြားပြားဝပ်နေတာပဲ ဖြစ်စေရမယ်။ ဒါမှ ကေတစ်စုံတစ်ယောက်ကို နိုင်မှာလေ။

"ညကမီးမီးကိုလာခေါ်တာဦးသော်လား"

"အွန်း"

"ကျေးဇူးပါနော်ဦးသော်"

"နောက်တစ်ခါ ဦးသော်မပါပဲ မသွားပါနဲ့လားရီလေး"

"ဘာဖြစ်လို့လဲ"

ခမ်းလေး စွပ်ပြုတ်လေးသောက်ရင်းမှ တစ်ဖက်က ဦးသော်ကို ကြည့်၍မေးလိုက်သည်။

"ရီလေးတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ... ညကတောင် အကောင်တစ်ကောင်က ရီလေးကို အန္တရာယ်ပြုဖို့လုပ်သေးတယ်လို့ဆိုင်ကဝန်ထမ်းကပြောတယ် တော်သေးတယ် လူကောင်းတစ်ယောက်က ဝင်တားလို့တဲ့"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Место, где живут истории. Откройте их для себя