အခန်း - ၅၈
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
ကားပေါ်တွင် ခမ်းလေး မေမေတို့ဆီဆက်၍ ပြန်လာနေပြီဖြစ်ကြောင်းလှမ်းပြောသည်။ ညကလဲ မူးပြီးဖုန်းမဆက်လိုက်ရတော့ မေမေစိတ်ပူနေမည်လဲဆိုးသည်။
"ရီလေး အိပ်ချင်အိပ်နော်"
"ဟုတ် ခဏနေမှအိပ်တော့မယ်ဦးသော် အခုဖုန်းခဏကြည့်မလို့"
ဖုန်းထဲမှ အစားစားပြသည့် video လေးများကို လိုက်ကြည့်သည့်ခမ်းလေးမှာ ဗိုက်ဆာလာရတော့သည်။ အသင့်ပါလာသည့် ပေါင်မုန့်လေးကို ကိုက်စားကာ ကိုလာလေးသောက်၍ video လေးဆက်ကြည့်ပြီးသည်နှင့် သတင်းတစ်ပုဒ်တတ်လာလေတော့သည်။
Family Center Group တွင် ကွယ်လွန်ပြီးသော သားဖြစ်သူ ပြန်ရှင်လာသည့် ထူးဆန်ဖြစ်ရပ်။
"ဟယ်...သတင်းတွေကလဲ အန်ကယ်တို့အခုမှ ရာထူးအပ်ပွဲပြီးရုံပဲရှိအုံးမယ် မဟုတ်က ဟုတ်ကတွေကတတ်လာပြီ..."
"သတင်းတွေအဲ့လိုပဲရီလေး အခုခေတ်ကဘာကိုမှ အမှန်မရေးကြတော့ဘူး"
မြန်ဆန်လွန်းလှပြီး ခေါင်းစဉ်မဟုတ်တရုတ်များနှင့် အမှန်ကိုမရေးတတ်ကြသည့် သတင်းများကိုဖတ်ဖူးသည်ကြောင့် ခမ်းလေးတို့ ထိုသို့ရွတ်လိုက်ကြသည်။
"ဟင်နေပါအုံး ကွယ်လွန်ပြီးသောသူဆိုတော့ ကိုကိုများလား"
ခေါင်းစဉ်က ဘာကိုဆိုလိုမှန်းမသိ၍ ခမ်းလေးပုံလေးကိုထောက်ကြည့်ကာ အပြည့်အစုံကိုဖတ်လိုက်သည်။
လက်များလဲတုန်လာသလို သတင်းဖတ်လိုက်ရသည့်ခမ်းလေးမှာ မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာရ၏။
"ဦးသော် ကားပြန်လှည့် ကားပြန်လှည့်ပေး"
"ရီလေး... "
"ကားပြန်လှည့်ပါဆို အခုပြန်လှည့်..."
အသံများတုန်ယင်ကာ ခမ်းလေးကားကိုပြန်လှည့်ခိုင်းတော့ ဦးသော်ကပြန်လှည့်ပေးလေသည်။
လက်ထဲမှ ဖုန်းလေးတုန်ခါလာကာ ဖုန်းလေးဝင်လာတော့ ကောက်ကိုင်လိုက်ပေမယ့် Hello ဆိုသည့်အသံကထွက်၍မလာပေ။
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
