အခန်း - ၅၃
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
ခမ်းလေးကိုဘာမှပြောမပြပဲ အခန်းထဲခဏနေခိုင်းထားသည့်အခါ စိတ်တအားပူလာရပြီး ရင်တွေတုန်လာရသည်မှာလဲ နှလုံးသားကြီးပြုတ်ထွက်မတတ်ပင်ဖြစ်သည်။ မေမေ့ရဲ့ ယခုလိုပုံစံကို ခမ်းလေးတစ်ခါမှမမြင်ဖူးပေ။ မေမေဒီလောက်ဝမ်းနည်းပက်လက်င်ိုသည်မှာ တစ်ယောက်ယောက်တစ်ခုခုဖြစ်လို့ဆိုသည်ကို မှန်းမိသော်လည်း ဘယ်သူဆိုတာ ခမ်းလေးမသိရပေ။
"ဖုန်း ဖုန်းရော ဖုန်း..."
မျက်ရည်များစွာဖြင့် ကုတင်ပေါ်ဖုန်းလေးရှာပြီး ဖွင့်လိုက်သည်နှင့် အကိုတံခွန့်ဆီမှ အဝင် Call 4 Call ကိုဦးစွာတွေ့လိုက်ရသည်။
လွတ်သွားသည့်ဖုန်းလေးကို ခမ်းလေးပြန်ခေါ်လိုက်ပြီးသည်နှင့်.......။
"သမီး..."
ကြမ်းပြင်တွင် ဖုန်းမှာ လွတ်ကျထားသည့်အနေအထားဖြင့်ရှိနေပြီး ဥဿာတို့ကိုကျောပေးထားသည့် သမီးမှာတစ်ဖြေးဖြေးချင်းလှည့်လာလေသည်။
"ဖေဖေ့ ကိုကို ကိုကို...ကိုကို..."
ကိုကိုဆုံးပြီဆိုသည့်စကားလုံးကို ထုတ်ပြော၍မရပါပဲ ခမ်းလေးရင်ဘက်ထဲတွင်တစ်ဆို့၍ နင့်နေသည်ကြောင့် ရင်ဘက်ကို တဘုန်းဘုန်းနှင့်ထုပစ်သည်။
"အင့်..."
"သမီး..."
ရင်ဘက်ကို အားပါပါထုရိုက်နေသည့်သမီးဟာ ပုံပုံလေးလဲကျသွားသည့်အခါ အားလုံးပြေး၍ ထိန်းကာပွေ့ထားလိုက်ရသည်။ ခေါင်လွင့်ရင်ခွင်ထဲမှသမီးဟာ ငြိုးငယ်သည့်အကြည့် စိုရွဲနေသည့်မျက်ရည်များစွာဖြင့် မျက်နှာလေးငယ်ကာ သူ့ကိုမော့ကြည့်ပြီး ခေါင်းတွင်တွင်ရမ်းပြလေသည်။ သမီးပုံစံလေးဟာ အင်မတန်မှ သနားစရာကောင်းနေ၏။
သမီးစိတ်ထဲမှ သားခွန်းစစ်ဆုံးတာ အမှန်မဟုတ်ဘူးမလားဟု သူ့ကိုမေးခွန်းထုတ်နေသည်ကိုသိသည်။ သို့ပေမယ့် သမီးလိုချင်သည့်အဖြေကို သူမပေးနိုင်ပေ။
"သမီးစိတ်ထိန်းမှပေါ့သမီးရဲ့ စိတ်ထိန်းလေသမီးရယ်..."
"အင့်...."
ВЫ ЧИТАЕТЕ
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Любовные романы"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
