Part - 71

20.6K 475 30
                                        

အပိုင်း-၇၁
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်

"ဘာလာလုပ်တာလဲ"

"မိန်းမချင်းရှင်းစရာရှိလို့လာတာ ဘာလဲနင့်ကိုတွေ့ချင်လွန်းလို့လာနေတယ်များထင်နေလား"

ဆိုဖာပေါ်ကျကျနနထိုင်လိုက်ပြီး ဆံပင်လေးနားကြားညှပ်လိုက်သည့်ခမ်းလေးဟာ မျက်နှာလေးကို မော့ချီထားလိုက်၏။

"ပြောစရာရှိတာပြောပြီးပြန်တော့ နင့်လိုအားနေတာမဟုတ်ဘူး"

"ပြောမှာပေါ့ ဧည့်သည်ကိုဧည့်မခံတော့ဘူးလား အော်...ငါကမယားကြီးဆိုတဲ့အသိနဲ့ နင့်လိုပေါ်တင်စနှိုက်တဲ့လူက မနာလိုဖြစ်လို့ဧည့်မခံတာလား.."

"နင်..."

ကေစိတ်တိုနေ၍ ခမ်းလေးကျေနပ်ပါသည်။ ထိုစဉ်ကြီးမေက အအေးခွက်လေးကိုင်၍ ခမ်းလေးရှေ့သို့လာချပေးလေ၏။

"သမီး အအေးသောက်ပါအုံးကွယ့်"

"ဟုတ်ကြီးမေ ကြီးမေနေရတာအဆင်ပြေရဲ့လားဟင် "

"ပြေပါတယ်သမီး ပြေပါတယ်"

ကြီးမေတို့ဒီမှာမနေချင်မှန်း ခမ်းလေးသိသည်။ ကိုကိုကဒီကိုသွားနေပေးကြပါလို့ပြောလို့သာ အားလုံးရောက်လာကြပေမယ့် နေချင်ကြတဲ့ပုံလဲမပေါ်လို့ နောက်နေ့တော့ပြန်ခေါ်မှဖြစ်မည်။

"ဒီနေ့ပြောရောပြောအုံးမှာလား ငါမအားဘူးလို့ပြောထားတယ်နော်"

ကိုယ်လေးရှေ့ကိုင်းကာ ပေါင်ပေါ်မေးထောက်၍​ ကေ့ကေ့မျက်လုံးကို သေချာစိုက်ကြည့်လိုက်၏။

"နင်ကိုကို့ကိုချစ်လား"

"......"

တစ်ဖက်က အဖြေပြန်မလာ တွေဝေသည့်အနေအထားနှင့်ရှိနေလေသည့်အခါ ခမ်းလေးပြုံးလိုက်သည်။ ခမ်းလေးလိုချင်သည့်အဖြေကို ခမ်းလေးရခဲ့ပါပြီ။

"ကဲ ခွင့်ပြုပါအုံး"

အကို့ကိုချစ်ပါတယ်ဟုပြောဖို့အရေး ကေ့စိတ်ထဲ ဝန်လေးနေမိ၏။

"နင်ဒါမေးဖို့လာခဲ့တာလား"

"အွန်း"

"ငါပြန်မဖြေရသေးဘူးလေ"

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Where stories live. Discover now