အခန်း - ၆၄
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
မနက် ၅ နာရီခန့်တွင် ခွန်းစစ်ရင်ခွင်ထဲသို့အတင်းတိုးဝင်အိပ်နေသည့်ညီမလေးကြောင့် ထမရ လှုပ်မရနှင့်ရှိနေရသည်။
"ဆက်အိပ်နေရင် ဘုရားဆွမ်းကပ်ဖို့မမှီပဲနေတော့မှာပဲ"
"ညီမလေး..."
ကိုယ်လုံးလေးကိုဆွဲခွာ၍ ထမည်ကြံလိုက်သော်လည်း သူ့ကိုအတင်းပြန်ဖက်လာသည့်ညီမလေးကြောင့် ပြန်လဲကျသွားရ၏။
"ကိုကိုအိပ်...ဆက်အိပ်"
"ကိုကိုအိပ်လို့မရတော့ဘူးကွ ဘုရားဆွမ်းကပ်ရအုံးမှာညီမလေးရဲ့ မမှီပဲနေမယ်"
ခဏမျှငြိမ်သွာသည့်ညီမလေးက ရှုပ်ပွနေသည့်ဆံပင်လေးများနှင့် ခေါင်းလေးဖော်ကာသူ့ကိုမော့ကြည့်လာ၏။ မျက်လုံးများကလဲမပွင့်ချင်ပွင့်ချင်နှင့် အိပ်ချင်မူးတူးရုပ်ကလေးကြောင့် သူကြည့်ရင်း ပြုံးနေမိလိုက်သည်။
"ဘုရားဆွမ်းကပ်မယ်ဆိုလဲထရအောင်ကိုကို အွန်း..."
လက်ကလေးများဆန့်၍ အညောင်းဖြေပြီးသည်နှင့် သူ့လည်တိုင်ဆီသို့သိုင်းဖက်လာလေ၏။
"ညီမလေးဆက်အိပ်လေ ကိုကိုပဲထလိုက်မယ်"
"မောင်တစ်ထမ်းမယ်တစ်ရွက်တဲ့ကိုကိုရဲ့ ဒီကမိန်းမလေးလဲကူပေးပါ့မယ်"
အံမယ်။ ဒီကမိန်းကလေးဆိုပဲ။
ကိုကိုက ခမ်းလေးမျက်နှာပေါ်မှ ဆံပင်တွေကိုသပ်ပေးသည့်အခါ ကိုကို့ကိုကြည့်နေမိ၏။ ခမ်းလေးနဲ့ဒီလိုလေးနေရင် ကိုကိုသတိပြန်မရလဲခမ်းလေးဖြစ်ပါတယ်ဆိုတာ တကယ်ပါကိုကိုရယ်...။
"ကိုကိုအာဘွားပေး"
"ဟေ"
"morning kiss လေ လာပါနမ်းပါအုံး"
မျက်လုံးလေးမှိတ်ကာ မျက်နှာလေးရှေ့တိုးပေးသည့်ညီမလေးကို ကြည့်နေရင်းမှ ရင်တွေခုန်လာရသလို မျက်နှာတွေလဲပူလာရ၏။ မဖြစ်ဘူး ညီမလေးကိုသူနမ်းလို့မဖြစ်ပါဘူး။
"ကိုကိုတို့ နမ်းလို့မရဘူး"
"ဘာလို့လဲ ဒီကနမ်းပါတော့ဆိုပြီး မျက်လုံးတောင်မှိတ်ပေးထားတာကို နမ်းလို့မရဘူးဆိုတော့ လူကမျက်နှာမသစ်ရသေးလို့လားပြော"
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
