Part - 63

17.3K 502 19
                                        

အခန်း - ၆၃
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်

ပခုံးပေါ့မှကြိုးတစ်လုံးလေးကို အောက်သို့လျှောချ၍ မြေပြင်ပေါ့သို့ ဗုတ်ခနဲထိုင်ချကာ ခွေခွေလေးနေလိုက်ပြီးသည်နှင့်...။

"ကိိုကိုရေး အဟင့်ဟင့်...."

ကိုကိုကြားလောက်အောင် အော်ခေါ်၍ ခမ်းလေးငိုပြလိုက်သည်။

"နင်...နင်ဘာလုပ်တာလဲ"

ယူရီမ ဘာလုပ်နေလဲကို ကေနားမလည်သလို၊ ဘာလို့ငိုသွားတာလဲကိုလဲ တွေးမရ၍ ကေကေရပ်ကြည့်နေမိသည်။

ခမ်းလေးတို့ဆီ ကိုကိုပြေးလာတာကို ခမ်းလေးသာလှမ်းမြင်ရသည်မို့ မျက်ရည်ကိုအစွမ်းကုန်ညှစ်ကာ ငိုချသည်။

"ကိုကိုအဟင့် ကိိုကို့..."

"ညီမလေး ဘာဖြစ်တာလဲညီမလေး"

"အကို"

"ကေ..."

"ကိုကိုအဟင့် ခမ်းလေးကိုတွန်းတယ် အဟင့်... သူကတွန်းလှဲတယ်"

ကေ့ကိုလက်ညိုးထိုးပြကာ ယူရီမက ကေသူ့ကိုတွန်းပါတယ်လို့ မျက်နှာပြောင်စွာတိုင်လေသည်။

"နင်မဟုတ်တာမပြောနဲ့ နင့်ကိုငါဘာလုပ်လို့လဲပြောပါအုံး

"အဟင့်...ကိုကို့"

ညီမလေးက ထိပ်လန့်၍ ခွန်းစစ်ရင်ခွင်ဆီသို့ အတင်းဝင်ပုန်းလေသည့်အခါ ကေ့ကိုသူလှည့်ကြည့်သည်။

"ကေ့ နောက်ဆုတ်နေ ဒီမှာညီမလေးလန့်နေတာမမြင်ဘူးလား"

"အကို ကေဘာမှမလုပ်ဘူး သူနဲ့ဒီမှာအတူရပ်နေတာ သူ့ဘာသာထိုင်ချပြီးအော်ငိုသွားတာအကိုရဲ့"

"ဟုတ်ဘူးကိုကို သူကနဂါးမောက်သေးသေးလေးကိုခူးမလို့တဲ့ ခမ်းလေးကဒါကမမှည့်သေးဘူး အနုလေးမလို့မခူးနဲ့လို့ပြောတာကို ကိုကိုနဲ့သူနဲ့ကရည်းစားတဲ့ ကိိုကိုပိုင်တာမလို့ ခူးတယ်ဘာဖြစ်လဲတဲ့ ပြီးတော့ပြီးတော့..."

"ပြီးတော့ ဘာဖြစ်လဲညီမလေး..."

"နင်ခူးချင်ရင် ဒီတစ်လုံးပဲခူး နောက်အလုံးတွေမခူးနဲ့ပြောတာကို သူကတွန်းတယ် အဟင့် ကိုကို...သူကလက်ပါတယ်..."

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Место, где живут истории. Откройте их для себя