အပိုင်း-၇၅
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
"Hello မေမေ့"
"မေမေတို့မနက်ဖြန် ပြန်လာမယ်သမီး သမီးတို့ကြည့်ပြန်လွှတ်ရတာ မေမေစိတ်မချဘူးသမီးရဲ့"
"ရပါတယ်မေမေရဲ့ ဘေးမှာဦးဦးတွေရော ကိုကိုရောရှိတာပဲဥစ္စာ ဘာမှမဖြစ်ပါဘူး"
"မေမေတို့လဲဘေးမှာရှိပေးသင့်တယ်မဟုတ်ဘူးလား"
"မေမေတို့ကလူကြီးတွေလေ တစ်နေရာနဲ့တစ်နေရာ သွားဖြစ်ကြတာလဲမဟုတ်ပဲနဲ့ ရောက်တုန်းရောက်ခိုက်နားပါမေမေရဲ့ နော် အေးဆေးလေးနေပြီးမှပြန်လာခဲ့"
"မဖြစ်ဘူးသမီးရဲ့ ဖေဖေတို့မနက်ဖြန်ပဲပြန်လာမယ်"
"ဖြစ်ပါတယ်ဆို မေမေနဲ့လည်ပတ်ခဲ့နော်ဖေဖေ ဟန်းနီးမွန်းထွက်သလိုပဲလည်ခဲ့နော့"
ဟန်နီးမွန်းထွက်သလိုဟုဆိုလိုက်သည့် သမီးစကားက်ိုကြားသည့်အခါ ဦးကမျက်ခုံးပင့်၍ လွန်းငယ်ကိုကြည့်လေ၏။ ဘာကြည့်တာလဲဆိုသည့်ပုံနှင့် လွန်းငယ်မျက်စောင်းလေးထိုးတော့ ဦးက ကျိတ်၍ရယ်သည်။
"ဖေဖေ့..."
"ဝေ့သမီး"
"မီးမီးကဖေဖေ့အတွက်တွေးပေးနေတာနော်"
"ဟေ ဘယ်လိုတွေးပေးတာလဲသမီးရ"
"မေမေနဲ့အတူလည်ခဲ့ပါဆို ပျော်စရာတွေဖန်တီးခဲ့လေလို့ဖေဖေရဲ့"
"ဒါပေမယ့်ကွာ..."
"ဘာဒါပေမယ့်မှမရှိဘူး ဖေဖေတို့အပြင်သွားရင် သေချာဂရုစိုက်နော် သိတယ်မလား မေမေကအလှလေးဆိုတော့ ဖေဖေ့ကိုကျော်ပြီးကြည့်ကြမှာ ဟီး အဲ့ကျလဲ သေချာထိန်းအုံးနော် ဘာကြည့်တာလဲကွဆိုကြီးဆွဲထိုးလို့ကတော့ မေမေအပြစ်ပေးတာခံရမယ်"
"ဒါတော့ ကြည့်ရင်တော့ဆွဲထိုးရမှာပဲသမီးရ ဖေဖေ့ပေါက်စနလေးကို ဘယ်ကောင်မှကြည့်တာခံချင်တာမဟုတ်ဘူးကွ"
ပြောရင်းဖြင့် ခလေးပါးလေးကိုဆွဲဖိလိုက်တော့ ခလေးကမကြည်ကြည့်လေးကြည့်၏။
"မေမေရေ ကြားလား ပေါက်စနတဲ့နော့..."
"သမီးဖေဖေရူးနေတာသမီး မသိဘူး မေမေတို့မနက်ဖြန်ပြန်လာမယ်ဒါပဲ"
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
