အပိုင်း-၇၄
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
ခမ်းလေးတည်းသည့် Hotel ၏ အပြင်ဝရံတာတွင်ကိုကိုနှင့်အတူထိုင်ပြီး ရူခင်းများကိုထိုင်ကြည့်ရင်းဖြင့် ကိုကို့ရင်ခွင်ဆီမှီထားလိုက်၏။
"ကိုကို..."
"ဗျ"
"အများကြီးလွမ်းနေလားဟင်"
"တကယ်အများကြီး အများကြီးကိုလွမ်းတာ..."
"ခမ်းလေးရော..."
ခွန်းစစ်ခါးဆီ တင်းနေအောင်ဖက်လာသည့်ပူတင်းလေးကို သူပြန်ဖတ်ထားရင်း ဝမ်းနည်းမိ၏။
"ကိုကိုလေ ပူတင်းလေးကိုအရမ်းချစ်တယ်ပြောပြီး မေ့သွားလို့စိတ်တိုတယ်"
"ဒါက ကိုကို့အပြစ်မှမဟုတ်ပဲ ကေကေလုပ်လို့လေ ကိုကိုမေ့ချင်လို့မဟုတ်ဘူးလေကိုကိုရယ်..."
"ကိုကို့ကိုမုန်းသွားတယ်မလား...."
"မမုန်းပါဘူး"
"ကိုကို့လုပ်ရပ်တွေကြောင့် မုန်းသွားသေးတာကိုကိုသိတယ်"
ကိုကို့ကိုမော့ကြည့်ကာ ချောမောသည့်မျက်နှာနုနုလေးကို ခမ်းလေးလှမ်းကိုင်လိုက်ပြီး မျက်လုံးသို့စိုက်ကြည့်၏။
"ခမ်းလေးကလေ ကိုကို့ကိုစိတ်နာရုံပဲ ဖောက်ပြန်တာထင်လို့စိတ်နာတာ ကိုကိုတို့ဘာမှမဖြစ်တော့ခမ်းလေးစိတ်ထဲ ဘာမှမရှိတော့ဘူး"
"တကယ်လား"
"ခမ်းလေးချစ်တဲ့ကိုကိုပဲဥစ္စာ... ဘေးလူတွေဝင်မွှေလို့ခမ်းလေးတို့ဝေးကြရင် အ လို့ပေါ့...ဝင်မွှေကြမှန်းလဲသိပြီးပြီ ကိုကို့ကိုအသုံးချမှန်းလဲသိပြီးပြီ ဒါကိုခမ်းလေးကအမှတ်အတေးထားပြီး ကိုကို့ကိုမုန်းရမှာလား ဟင်...ခမ်းလေးတို့ဝေးကြဖို့ လိုလို့လား..".
"အွန်း မလိုဘူး...မလိုတော့ဘူးပူတင်းလေး"
ကိုကို့ရင်ခွင်ထဲ ပြန်မှီရင်းဖြင့် ခမ်းလေးသိပ်မရှင်းသေးသည့်ကိစ္စတစ်ခုကို ပြန်တွေးသည်။
"အိပ်မွေ့ချတာကလေကိုကို တကယ်ပဲအဲ့လောက်ထိလုပ်လို့ရတာလား"
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
