Part - 59

17.2K 444 30
                                        

အခန်း - ၅၉
Be My Bride- ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်

ကေဆိုသည်မှာလဲ သူ့ကိုရောဂါတွေကုပေးပြီး သူနေမကောင်းသည့်တစ်လျှောက်လုံး ပြုစုစောင့်ရှောက်ခဲ့သူဖြစ်သည်။ ​ပတ်တီးများစွာနှင့် လှုပ်မရသည့်အခြေ​အနေမှာ ကိုယ့်ကိုယ်ဘယ်သူဘယ်ဝါဆိုတာလဲ မသိသည့်အခြေအနေမှာ ကိုယ့်ဘဝအမှန်ကိုပြောပြပေးပြီး ဘေးမှာရှိပေးခဲ့သည်။

သူ တစ်လတိတိ မေ့မျောနေခဲ့ပြီး ၂ လတိတိ လမ်းမလျှောက်နိုင်ခဲ့ပေ။ ယာယီမှတ်ဉာဏ်ပျောက်ဆုံးတာဆို​ပေမယ့်လဲ သူ ၆ လနေမှ အားလုံးကို သတိရခဲ့၏။ ထိုထဲတွင် ညီမလေးနှင့်ပတ်သက်တာကိုတော့ တစ်ချို့တစ်ဝက်သာ သတိရခဲ့ပါသည်။ ဒါကို K ပြောတာတော့ သူ့အပေါ်အရမ်း ဆိုးပြီး စိတ်ဆင်းရဲအောင်လုပ်ခဲ့တာမလို့ တစ်ယောက်ထဲ ကွက်ပြီးမေ့နေခဲ့တာတဲ့။ K ပြောသမျှ မယုံပေမယ့်လဲ သူယုံသင့်သည်လောက်ကိုတော့ယုံပါသည်။ ဘာကြောင့်ဆို ကေနှင့်သူ ပျော်နေသည့်မှတ်ဉာဏ်တစ်ချို့ကို သူသေချာစွာသတိရနေခဲ့လို့ဖြစ်သည်။ ကေနှင့်လျှောက်သွားတာတွေ တစ်အိမ်ထဲနေတာတွေကို သူမှတ်မိသည်။

သို့ပေမယ့်လဲ ညီမလေးမှာလိုက်သည့်အတိုင်း အားလုံးကိုသူလိုက်မေး၏။ ဒါဟာသူ့အတွက်လဲ အကျိုးရှိချင် ရှိနေမှာလေ။

ကိုကိုခမ်းလေးကို မေ့နေခဲ့တယ်ဆိုတာ ဖြစ်နိုင်သလို ဖြစ်လို့လဲရပါသည်။ ဒါပေမယ့် ကေကေ့ကိုတော့ ခမ်းလေးနေရာမှာ အစားထိုးလို့မရဘူးကိုကို။ ကိုကိုပြန်လာလို့ ခမ်းလေးပျော်တယ်။ ပျော်လို့လဲအခုထိ မဟုတ်တာတွေပြောနေတဲ့ကိုကို့ကို သည်းခံနေနိုင်တာပေါ့။ မဟုတ်ရင် ကိုကို့ကိုစိတ်ဆိုးပြီး ခမ်းလေးတစ်ခုခုလုပ်မိမှာ။

ကိုကို့ကိုမြင်တော့လေ ခမ်းလေးအရမ်းပျော်သွားတာပါကိုကိုရယ်။ သို့ပေမယ့်လေ ပျော်ရသည်ကခဏပါ ကိုကို့စကားတွေကြောင့် ခမ်းလေးရယ်တောင်မရယ်နိုင်ပြန်ဘူးလေ။ ကိိုကိုသိလား ကိုကိုခမ်းလေးကို ဟိုးငယ်ငယ်တုန်းကစလို့ အကုန်မေ့သွားခဲ့ရင်တောင် ခမ်းလေးလက်ခံမှာပါ။ အဓိက ကိုကိုပြန်လာဖို့ပဲ။ ခမ်းလေးကိုဒီတစ်သက်ပြန်အမှတ်မရရင်တောင် ခမ်းလေးကျေနပ်ပါတယ်။ ဒါပေမယ့်လေ ခမ်းလေးနေရာကို တစ်ခြားသူကိုအစားထိုးရင်တော့ သည်းမခံဘူးကိုကို။

Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် Où les histoires vivent. Découvrez maintenant