အပိုင်း -၇၂
Be My Bride - ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
"နိုးပြီလား"
"အွန်း နိုးပြီ"
"နိုးရင်အိမ်ပြန်ရအောင်လို့"
"ဟင် အိမ်ပြန်ရမယ်"
ခမ်းလေးအိပ်ချင်မူးတူးဖြင့်ပြန်တွေးပြီးမှ စောင်ခြုံထားသည့်ကိုငုံ့ကြည့်မိတော့ ကိုယ်တုံးလုံးဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
"ဟင်..."
"ဟာဟေ့"
"ကိုကိုညစ်ပက် သူကျအင်္ကျီဝတ်ထားပြီး သူများကိုကျအင်္ကျီလဲမဝတ်ပေးထားဘူး"
ခေါင်းမြီးခြုံထားသည့်စောင်ပုံထဲမှ အော်ပြောသည့်ညီမလေးကြောင့် ခွန်းစစ်အော်ရယ်လိုက်၏။
"ဟားဟား...ညကညီမလေးအိပ်ပျော်သွားလို့မဝတ်ပေးတာ အခုလဲတအားအိပ်နေလို့လေကွာ စောင်ကြီးဖယ်ပါအုံးကွ"
"ဖယ်ဘူး "
"ဘာတွေအခုမှရှက်နေတာလဲကွ ညကကျတော့ကိုကို့ကိုပဲအတင်း..."
"ဘာအတင်းလဲ ဘာအတင်းလဲလို့..."
စောင်ပုံထဲမှထွက်လာပြီး နှုတ်ခမ်းကိုလာပိတ်ခါးသည့်ညီမလေးကြောင့် လက်လေးကိုဆွဲယူ၍ ကိုယ်လေးကိုဖက်ထားလိုက်၏။
"ညကလေ အတင်းနမ်းပြီးညစ်ပက်သွားတာ ကိုကိုမဟုတ်ပဲ ညီမလေးလားလို့ပါ"
"ကိုကိုနော်..."
မော့ကြည့်ရင်းဖြင့် ရှက်နေသည့်ညီမလေးက နှုတ်ခမ်းလေးကိုက်၍ ဆိုလာလေသည်။
"ဘာလဲ မမှတ်မိဘူးလား မှတ်မိအောင်ပြန်ပြရမလား"
"no မလိုတော့ဘူးကိုကို ဟီး အမှတ်ရပြီ..."
"လူလည်ပဲကွ"
"လည်သင့်တယ်ထင်လို့လည်တာပါနော် ဘာလဲ မချစ်ဘူးလား"
"ချစ်တာပေါ့ကွ ချစ်တာမှတအား"
ခမ်းလေးပါးကိုငုံ့နမ်းကာ အတင်းဖက်လာသည့်ကိုကို့ကြောင့် ခမ်းလေးရယ်ရင်းဖြင့်ပျော်နေမိ၏။ အရင်လိုကိုကိုမဟုတ်ပေမယ့်လဲ အရင်လိုကိုကိုပါပဲ ကိုကိုရယ်...။ ဒီအတွေးလေးခဏတိုင်းဝင်လာမိသည်မှာ အရင်လိုကိုကိုပြန်ဖြစ်စေချင်၍များလား။
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
