ကျောင်းတွင် မနက်ဖြန်အတွက် လူတိုင်းအလုပ်ရှုပ်နေကြသည်။ကျောင်းဖွင့်ပြီး တစ်ခလပြည့်သောနေ့တွင် အထက်လူကြီးများကျောင်းကို လာရောက်စစ်ဆေးမည်ဟု အမိန့်စာရောက်လာခဲ့သည်။ထိုကြောင့် ဆရာ/မများအားလုံး စာရင်းလုပ်နေကြရသည်။
ကျောင်းသား/သူများမှာလည်း အခန်းသန့်ရှင်းရေး လုပ်နေကြရသည်။လူတကာသန့်ရှင်းရေးလုပ်နေချိန် သူများသားလေးရင်ခွင်ထဲတွင် အေးဆေးအနားယူနေသောကျော်လေး။ခုံတန်းပေါ်တွင် ခြေဆင်းလျက်ထိုင်နေပြီး သူများသားလေး အတ္တ၏ ရင်ခွင်ကျယ်ကြီးထဲ မှေးစက်နေသည်။
အတ္တကလည်း ကျော်လေးရဲ့ ကိုယ်သေးသေးလေးကို အနောက်မှပွေ့ဖက်ပေးထားသည်။နောက်ဆုံးအတန်းတွင် အချောင်ခိုနေသော သူတို့နှစ်ယောက်ကို တစ်တန်းလုံးက ကျေကျေနပ်နပ်ပင်လွှတ်ပေးထားသည်။ဒါမှသူတို့တွေ moment ရမှာကိုးး။
အတန်းထဲမှာ လွန်ခဲ့သော နှစ်ပတ်လောက်ကစပြီး သူတို့နှစ်ယောက်နာမည်ကြီးလာခဲ့သည်။အတ္တရဲ့သဲသဲလှုပ်မှုတွေနဲ့ ကျော်လေးရဲ့ချွဲနေပုံလေးတွေက အတန်းထဲရှိ လူတိုင်းရဲ့ပြောစရာတစ်ခု ဖြစ်လာခဲ့သည်။မိန်းကလေးတော်တော်များများက သူတို့သဘော်ကို အတင်းမောင်းပေးနေတော့သည်။
သို့သော်လည်း သူတို့သဘော်က အလိုလိုနေရင်း ရွေ့နေခဲ့သည်။ချမ်းငြိမ်းရဲ့ ကောလဟာလဖြန့်နိုင်မှုကြောင့် သူတို့လည်းမရှင်းပြနိုင်သည်အထိ ဖြစ်သွားခဲ့သည်။ဒါကြောင့် သူတို့လည်း တကူးတကကြီး မရှင်းပြနေတော့ပေ။ထင်ချင်သလိုထင်ပါစေဟု သာလွှတ်ပေးထားပြီး သူတို့ကိုယ်တိုင်လည်း လုပ်ချင်သိလိုလုပ်နေကြသည်။"ဟဲ့ရေ..ဟိုမှာကြည့်စမ်းပါအုံး"
"ဘယ်မှာလဲ"
"ဟိုမှာလေblue couple"
အပတ်တိုင်း စနေနေ့ကျောင်းတက်ရသော သူတို့ကျောင်းတွင် အသင်းငါးသင်းအလိုက် အသင်းအကျီများဝတ်ကြရသည်။ကျော်လေးတို့နှစ်ယောက်က အပတ်တိုင်းအပြာရောင်(ဗန္ဓုလ)အသင်းအကျီကိုသာ ဆင်တူဝတ်ကြသဖြင့် 'blue couple' ဟုခေါ်ကြခြင်းဖြစ်သည်။
"အားး...ရားးရင်ခွင်ထဲမှာ"
"ဖက်ထားတယ်ဟ"
"မိုက်လိုက်တာ..ငါတော့ရင်ထဲဆိုင်ကလုန်းဝင်နေပြီ"
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...