(ကံကြမ္မာအလှည့်အပြောင်းစတင်ခြင်း)
နံနက်4နာရီချိန်၊လင်းကြက်တွန်သံ ကြားနေရသည်။မိုးသောက်ယံ အာရုဏ်ဦးချိန်တွင် နံဘေးအခန်းမှ ကိုသတ္တိတို့ထနှင့်နေပြီဖြစ်သည်။ကိုသတ္တိက 6နာရီလှေနှင့် စခန်းသစ်ရွာကိုပြန်တော့မည်။ကိုသတ္တိ၏ အခန်းဖော် မိုးဟိန်းကတော့ သူနဲ့တစ်ရွာတည်းသားဖြစ်သည်။သူတို့က7နာရီမှ ကားနှင့်သွားမည်ဖြစ်သည်။ညက မောင့်ငိုသံတွေကြောင့် အိပ်မပျော်ခဲ့ပါ။မောင်နှင့်ခွဲရတော့မည် ဖြစ်သဖြင့် မောင့်ပုံရိပ်တွေကို အမှောင်ထုထဲမှာ ငေးရင်း ကြည့်နေခဲ့မိသည်။
ဆက်အိပ်သော်လည်း အိပ်မပျော်သဖြင့် မျက်နှာသစ်ရန် ထွက်လာခဲ့သည်။ကုတင်ပေါ်က မောင်ကတော့ ငိုလို့ဝသွား၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ရေချိုးကန်တွင် ကိုသတ္တိ၊မိုးဟိန်းနှင့် အောင်မြင့်တို့က မျက်နှာသစ်၊သွားတိုက်လုပ်နေကြသည်။ရတုဆိုရင် ရေပါချိုးနေပြီဖြစ်သည်။မိုးဟိန်းမျက်နှာက အညိုအမဲစွဲနေပြီး မျက်လုံးအိမ်တို့ဖူးရောင်နေသည်။"မင်းကစောလှချည်လား..ကားက7နာရီမှဆို"
"ဟုတ်တယ်..အိပ်မပျော်တော့လို့"
"ဟိုတစ်ကောင်အခြေအနေ.."
အောင်မြင့်ကမေးတော့
"ညသန်းခေါင်ကြီးထငိုနေတယ်"
"ဒီကောင်အလကားသောက်ခြောက်"
"ဟျောင့်..မင်းအဲလိုတွေပြောလို့မနေ့ကအဆော်ခံခဲ့ရတာလေဒါလဲမမှတ်သေးဘူးလား"
ကိုသတ္တိက မိုးဟိန်းကို ဝင်ပြောလိုက်သည်။မိုးဟိန်းက မောင့်ကို လုံးဝကျေနပ်ဟန်မရှိ။ခတ္တကြာတော့ ဇေယျရောက်လာသည်။ဇေယျက ဆပ်ပြာခွက်ကို ရေကန်ဘောင်ပေါ်တင်လိုက်ပြီး သွားတိုက်နေသည်။
"မောင်ကကောင်းကင်ကိုတစ်ချိန်လုံးသတိရနေတာ..အားနေရင်ကောင်းကင်အကြောင်းပဲတွေးနေလို့မောင့်စိတ်ကအခုလိုဖြစ်နေတာ..အခုထိကျွန်တော်ေမာင်ပျော်အောင်မလုပ်ပေးနိုင်ခဲ့ဘူး။ကျွန်တော့်ကြောင့်မောင်ရောအခုဆိုရင်အာလုံးပါစိတ်အနှောင့်အယှက်တွေဖြစ်နေကြရပြီ"
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...