"ဘေဘီလေးရေ"
"သွားစမ်းပါကလေးကလားနဲ့"
တာယာက မဟာ့ရင်ခွင်ထဲ တိုးဝင်ကာ ချွဲနေသည်။မဟာကတော့ တာယာကို အတင်းတွန်းဖယ်နေပြီး တစ်ခုခုစိတ်ကောက်နေဟန်။တာယာက မဟာမျက်နှာလေးကို ကြည့်ကာ
"စိတ်မကောက်ပါနဲ့ဘေဘီရာ"
"ဘယ်သူကစိတ်ကောက်နေလို့လဲ"
မဟာက လက်လေးပိုက်ကာ ဟိုဖက်လှည့်လိုက်သည်။တာယာက ထသွားပြီး ရေခဲမုန့်နှစ်ခွက်ကို သွားယူလာသည်။မဟာကို တစ်ခွက်ပေးလိုက်ပြီး
"စိတ်ကောက်ရင်အချိုတွေစားရတယ်တဲ့"
"မင်းမေကြီးတော်သင်ပေးလိုက်တာလား"
"ကြီးတော်သင်ပေးတာတော့မဟုတ်ပါဘူး။အစ်ကိုကြီးဆီကသင်ယူထားတာလေ..ငယ်ငယ်ကအစ်ကိုလေးစိတ်ကောက်ရင်အစ်ကိုကြီးကရေခဲမုန့်တွေဝယ်ကျွေးပြီးချော့နေကြ"
တာယာ့စကားကြောင့် မဟာ ကောင်းကင်နှင့် သတိုးမာန်ပြည့်ရှိန်တို့ကို ရုတ်တရက်သတိရသွားသည်။
အင်းးအဖြစ်အပျက်တွေက10နှစ်တောင်ကြာသွားပြီပဲ..
တာယာက ရေခဲမုန့်တစ်စွန်းကို မဟာပါးစပ်နားလာတေ့ပေးသည်။မဟာက တာယာလက်ကို တွန်းထုတ်လိုက်ပြီး
"သွားစမ်းပါ..ဘေးအိမ်ကမစ္စမာရီနာကိုပဲသွားကျွေးလိုက်"
တာယာက ရေခဲမုန့်ခွက်ကို ကိုင်ကာ ထသွားသည်။ထို့နောက် အိမ်ရှေ့တံခါးအနားကို သွားနေတော့ မဟာက တာယာကို
"ရွဲ့တာပေါ့လေ"
"မရွဲ့ပါဘူး..ကိုယ့်ဘေဘီလေးစကားနားထောင်တာ"
မဟာတစ်ယောက် သက်ပြင်းချလိုက်ပြီး လေပူများ မှုတ်ထုတ်နေမိသည်။
စိတ်ကောက်နေတာကို တမင်အရွဲ့တိုက်နေတဲ့အကောင်...
မဟာ တာယာကို စိတ်ကောက်ရသည့် အကြောင်းကား မနက်တုန်းက မစ္စမာရီနာကို တာယာက 5စက္ကန့်စိုက်ကြည့်လိုက်သောကြောင့် ဖြစ်သည်။တာယာက စကားပြောနေရင်း ခနကြည့်မိလိုက်သည်ဆိုသော်လည်း မဟာက မကျေနပ်နိုင်။5စက္ကန့်..ဘယ်လောက်တောင်များလိုက်လဲ။
တာယာက အိမ်တံခါးဝတွင် ရစ်သီရစ်သီနှင့် တမင်လုပ်ပြနေသည်။မဟာက တာယာကို ဆိုဖာခုံပေါ်က အရုပ်နှင့် လှမ်းပေါက်လိုက်ပြီး
![](https://img.wattpad.com/cover/358841824-288-k184422.jpg)
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...