part36

456 17 7
                                    

         မေမေလောကကြီးထဲက ထွက်သွားတာ တစ်ပတ်တောင်ရှိသွားခဲ့ပြီ။မနေ့က ရက်လည်တွင် ခနတဖြုတ် ငိုလိုက်သေးသည်။အတ္တက မေမေ သဂြိုလ်သည့် အချိန်တွင်လည်း ဘေးတွင် အတူရှိနေပေးခဲ့ပြီး ရက်လည်တွင်လည်း အတူရှိနေပေးသည်။ချစ်ရသူက အနားရှိပေးတော့လည်း ခွန်အားအသစ်ဖြစ်စေသည်။ကိုကိုကတော့ မေမေ့ကိစ္စများလိုက်လုပ်ပေးရသဖြင့် တော်တော်ပင်ပန်းနေလိမ့်မည်။
          ကျောင်းလည်း ဆက်မတက်ဖြစ်တော့သလို မြန်မာပြည်တွင်သာ နေရန် ဆုံးဖြတ်လိုက်သည်။
        အတ္တနှင့်အတူရှိနေတာကို ဒယ်ဒီက သဘောမကျသော်လည်း သူ စိတ်ပင်ပန်းနေသည့် အချိန်ဖြစ်သောကြောင့် ခနလွှတ်ပေးထားဟန်ရှိသည်။မေမေ့ရက်လည်ပြီးတော့ အတ္တက သူ့ကို ညနေခင်းလမ်းလျှောက်ထွက်ရန် လာခေါ်သည်။အခု အတ္တနှင့် သူ ကမ်းနားလမ်းကို ရောက်နေသည်။ဒါက သူ နိုင်ငံခြားကအပြန် ပထမဆုံး ကမ်းနားလမ်းကို ပြန်အ‌ခြေချခြင်းဖြစ်သည်။
          လူစည်ကားလှသော မြိတ်မြို့၏ ညနေခင်း။မြိတ်မြို့၏ အလှကို ထောက်ပြပါဆိုရင် ချက်ချင်း ပြသနိုင်သည့် ကမ်းနားလမ်းမကြီး။လူတန်းစားမျိုးစုံ ညနေတိုင်း လာရောက်အပန်းဖြေသည့် မြိတ်မြို့၏ ကမ်းနားလမ်းသည် အမြဲရိုးရာမပျက် စည်းကားလျက်။
       ညနေတိုင်း စက်ဘီးလာစီးနေသည့် ကျောင်းသားလေးများကလည်း သူ ကျောင်းတက်တုန်းက အချိန်တွေကို သတိရစေမိသည်။သူလည်း ကျောင်းတုန်းက နှစ်ခါလောက် ကမ်းနားလမ်းတွင် စက်ဘီးလာစီးဖူးသည်။
        ပုစွန်ဆီရောင်သမ်းနေသော ကောင်းကင်ထက်တွင် နေဝန်းနီနီကြီးက တဖြည်းဖြည်းနိမ့်ဆင်းလာနေသည်။အိပ်တန်းတက်တော့မည့် ငှက်ကလေးများကလည်း အုပ်လိုက် တစ်ဖက်ကမ်းဆီ ပြန်နေကြသည်။မြိတ်မြို့ဟု ဆိုလိုက်ရင် ငှက်သိုက်ဆိုတာကလည်း မပါမဖြစ်။အခုလို ညနေခင်းတွင် ငှက်သိုက်ရရှိသည့် ဇီဝစိုးငှက်ကလေးများက ကမ်းနားလမ်းတစ်လျှောက် သောသောညံလျက်ရှိသည်။
        သူ့လက်ကို ဆွဲပြီး လမ်းလျှောက်နေသည့် အတ္တက ဆယ်ကျော်သက် ကျောင်းသားလေးလို။ဘာအပြင်အဆင်မှမပါဘဲ ရှပ်အကျီ အဖြူပါးပါးလေးနှင့် နက်ပြာရောင် ဘောင်းဘီတိုလေးကိုသာ ဝတ်ဆင်ထားသည်။သူကလည်း ညအိပ်စုံဝတ်စုံဝမ်းဆက်ကိုသာ ဝတ်ဆင်ထားသည်။သူတို့နှစ်ယောက်၏ အပြင်အဆင်က ဘာမှမထူးခြားနေခဲ့ပေ။ဒီတိုင်း ရိုးရိုးလေးသာ ဖြစ်သည်။

Rewrite the star (Complete)Where stories live. Discover now