တိုက်ခန်းထဲဝင်ဝင်ချင်း ပထမဆုံးသတိထားမိသည့်အရာက မိုးပြာရောင်နုနုလေးတွေ။တိုက်ခန်းထဲရှိ ပစ္စညများအားလုံးသည် အပြာရောင်များဖြစ်ကြသည်။နံရံများမှအစ စားပွဲ၊ကုလားထိုင်စသည့် ပရိဘောဂပစ္စည်းများအထိ အပြာရောင်ဖြစ်သည်။တိုက်ခန်းထဲဝင်သွားပြီး ဆိုဖာခုံပေါ်တွင် အထုပ်များကို ထားပြီး ထိုင်လိုက်သည်။ထိုအချိန် သူမြင်လိုက်သည့်အရာက နံရံပေါ်က ပန်းချီကားလေး ဖြစ်သည်။
ပင်လယ်ကမ်းစပ်က ကျောက်ဆောင်ပေါ်တွင် ကောင်လေးနှစ်ယောက်အတူတူ ထိုင်နေသော မြင်ကွင်းကို သရုပ်ဖော်ထားသော ပန်းချီကားဖြစ်သည်။သူမှတ်မိနေပါသည်။ထိုမြင်ကွင်းက ကျော်လေးကို ပထမဆုံးနမ်းခဲ့သည့်နေ့က ဖြစ်သည်။ကျော်လေးက သူနံဘေးတွင် ဝင်ထိုင်လိုက်ပြီး"ဒါငါ့ရဲ့ပထမဆုံးအနမ်းကိုမင်းခိုးသွားတဲ့နေ့လေ"
"ဒီနှုတ်ခမ်းဖူးဖူးလေးရဲ့အချိုဓာတ်ကိုပထမဆုံးသိလိုက်ရတဲ့နေ့ကကိုကိုတကယ်ရူးမတတ်ပဲသိလား"
"ငါလဲဘာထူးလို့လဲ..မပြောမဆိုနဲ့ရုတ်တရက်ကြီးအနမ်းခံလိုက်ရတာရင်တွေခုန်ပြီးပေါက်ထွက်မတတ်ပဲ"
ကျော်လေး ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး
"ဒီတစ်ခါမင်းထပ်ပြီးနှင်ထုတ်ရင်တောင်ကိုယ်ထွက်မသွားတော့ဘူး။မင်းနားမှာပဲတောက်တဲ့လိုကပ်နေတော့မှာ"
"ငါကလဲမင်းထွက်သွားချင်တယ်ဆိုရင်တောင်ထွက်သွားခွင့်မပြုတော့ဘူး"
ကျော်လေးက သူ့ပါးလေးကို ဖွဖွလေးနမ်းလိုက်ပြီး မနက်စာ ချက်ဖို့ ထသွားတော့သည်။သူကတော့ ပန်းချီကားလေးကို တစိမ့်စိမ့်ငေးနေပြီး ထိုနေ့မှ အဖြစ်အပျက်များသည် သူ့အတွက် ရုပ်ရှင်အနှေးပြကွက်တစ်ခုလို မြင်ယောင်လာမိသည်။မိုးတဖွဲဖွဲရွာနေသော ရပ်ဝန်းလေးတွင် သူနှင့် သူချစ်ရသော ကျော်လေးတို့ နှစ်ယောက်တည်း ကျောက်ဆောင်ပေါ်တွင် ထိုင်နေကြသည်။နောက်ဆုံးတွေ့ဆုံခြင်းနှင့် နှုတ်ဆက်ခြင်းဖြစ်သည်ကို နှစ်ယောက်လုံးသိထားသည့် အခိုက်အတန့်။
မဆင်မခြင်နမ်းလိုက်မိသည့် အနမ်းလေးအတွက် ငြင်းဆန်သွားသူ၏ ကျောပြင်ငယ်လေးကို အချိန်တစ်ခုအထိ ငေးကြည့်နေခဲ့ရသည်။အရူးတစ်ယောက်လို ဦးတည်မဲ့လျှောက်လှမ်းလာရပြီး အဆောင်ရောက်တော့ အဖျားတက်သဖြင့် ဆေးရုံတက်ရသည်အထိ ဖြစ်သွားခဲ့သည်။လေဆိပ်တွင် ထွက်ခွာသွားမည့်သူကို တိတ်တဆိတ်သွားကြည့်မိတော့ သူ့ကိုမျှော်နေတာသိပါလျက် ထွက်မတွေ့ခဲ့မိပါ။အဝေးကငေးကြည့်ခြင်းဖြင့်သာ နှုတ်ဆက်ခဲ့ရပြီး ကံကြမ္မာပြေးလမ်းအပေါ် တစ်လျှောက်တည်း လပေါင်းများစွာ ပြေးခဲ့ရသည်။
ကျော်လေးနှင့်ပတ်သက်သည့် အတိတ်ကို သူမှတ်မိသွားသော်လည်း သူမမှတ်ေသးသည့်အရာတစ်ခုက ကျော်လေး၏ အစ်ကိုဖြစ်သူ ရုပ်အသွင်အပြင်ကို ဖြစ်သည်။ကျော်လေးတွင် မွေးစားအစ်ကိုတစ်ယောက်ရှိသည်ကို သူသိသည်။သို့သော် ရုပ်ရည်အနေအထားကို သူသဲသဲကွဲကွဲမမှတ်မိသေးသလို ကျော်လေး၏ မိသားစုဝင်များကိုလည်း သူတိတိကျကျမမှတ်မိသေး။
အချိန်တန်ရင် မှတ်မိလာမည်ဆိုသည့် အသိဖြင့် ဇွတ်အတင်း မှတ်မိရန် မကြိုးစားမိပါ။အတိတ်ကိုလည်း ပြန်မတမ်းတချင်တော့သလို အနာဂတ်ကိုလည်း တွေးမပူချင်ပါ။လက်ရှိ ပစ္စပ္ပုန်တွင်သာ ကျော်လေးနှင့် ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်မိသည်။ခြောက်သွေ့နေသည့် သူ့ဘဝကို စိမ်းစိုအောင်လုပ်ပေးမည့် လူသားလေးတစ်ယောက် သူ့ဘဝထဲ ပြန်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ကျော်လေးနှင့်အတူရှိသည့် အချိန်များတွင် မြန်မာပြည်က သူ့အလုပ်တွေ၊ လက်စားချေရမည့်ကိစ္စတွေကို မစဉ်းစားမိတော့ဘဲ အပူအပင်ကင်းသည့် လူတစ်ယောက်ဖြစ်နေသည်။
ဆိုဖာခုံပေါ်တွင် ထိုင်ရင်း ကျော်လေးကို ကြည့်လိုက်တော့ တစ်ခုခုကို ကြိုစားပမ်းစား ချက်ပြုတ်နေသည်။ဖုန်းကို တစ်ချက်ကြည့်လိုက်၊မီးဖိုကို ပြန်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည့် ချစ်ရသူ။ထို့နောက် ပန်းကန်ထဲထည့်ပြီး ပန်းကန်နှစ်ချပ်ကို ထမင်စား စားပွဲပေါ်တွင် လာချထားလိုက်သည်။ထို့နောက် ကော်ဖီတစ်ခွက် ဖျော်ပေးနေပြန်သည်။
YOU ARE READING
Rewrite the star (Complete)
Novela Juvenilရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...