part7

357 18 2
                                    

      ညကကိုကို့ကို ရင်ဖွင့်ခဲ့ပြီး ည12နာရီလောက်မှ အိပ်ဖြစ်ခဲ့သည်။မနက်ကျောင်းသွားဖို့ အန်တီမြက လာနိုးတော့ သူနံဘေးတွင် ဘယ်သူမှ ရှိမနေခဲ့ပါ။

"အတ္တဘယ်ရောက်သွားတာလဲ"

"အစ်ကိုလေးအတ္တဥယျဉ်မောင်ကပြန်သွားပါပြီသခင်လေး"

"သူနေမကောင်းဘူးဆိုလို့ခုနကပဲကိုကိုလိုက်ပို့ပေးတာလေ"

         ကိုကိုက အခန်းထဲဝင်လာခဲ့သည်။ရေချိုးပြီး အိမ်အောက်တွင် မနက်စာလာစားရန် ပြောသည်။မြန်မြန်ဆန်ဆန်ထကာ မျက်နှာသစ်၊ရေချိုးအဝတ်လဲပြီး အိမ်အောက်ဆင်းလာခဲ့သည်။ထမင်းစားခန်းထဲတွင် ပြင်ဆင်ထားသော မနက်စားများနှင့်အတူ မေမေနဲ့ဒယ်ဒီကိုပါတွေ့လိုက်ရသည်။

"Morning မေမေ"

"Morning"

       မေမေ့အသံသည် ချိုသာမှုအပြည့်။ကမ္ဘာပေါ်တွင် သူ့အတွက် အချိုသာဆုံးအသံပိုင်ရှင်သုံးဦးကို ပြောပါဆိုလျှင် မေမေ၊ကိုကိုနဲ့အတ္တသာဖြစ်မည်။သို့သော်ညကအဖြစ်အပျက်က ခေါင်းထဲဝင်လာသဖြင့် ချိုသာမှုကိုပင် မခံစားနိုင်ခဲ့ပါ။
       မနက်စာစားနေပေမဲ့ စိတ်ပါလက်ပါမဟုတ်ခဲ့။မေမေနဲ့ ဒယ်ဒီပြောနေသော စကားများကိုလည်း ကြားတစ်ချက်မကြားတစ်ချက်။စိတ်တွေက အတ္တဆီကိုသာ။
        ကျောင်းရောက်တော့လည်း အတူတူထိုင်နေကျ အတ္တမှာ နေမကောင်းသောကြောင့်ဟု အကြောင်းပြပြီး ကျောင်းပျက်သည်။မဟာကလည်း အတ္တနဲ့အတူတူ ကျောင်းပျက်သဖြင့် သူတစ်ယောက်တည်း ဖြစ်ရပြန်သည်။အထီးကျန်သည်။ဝမ်းနည်းသည်။နောင်တရသည်။စိတ်ခံစားချက်အာလုံးက တစ်ချိန်ထဲတွင် စုပြုံဖြစ်ပေါ်လာသည်။
        တစ်ချိန်ပြီးတစ်ချိန်စာသင်နေရပေမဲ့ ဘာသင်လို့သင်လိုက်မှန်းပင်မသိပေ။ငါငြင်းတာမှားသွားပြီလား။ငါ့ကိုစိတ်နာသွားတာလားစသည့် အတွေးများကသာ သင်ခန်းစာများအစား ခေါင်းထဲနေရာဝင်ယူနေခဲ့သည်။
         ကြယ်ရောင်၊လ‌‌ေရာင်ကင်းစင်၍ မှောင်မိုက်နေ‌ေသာ ကောင်းကင်အောက်တွင် မီးရောင်စံုလင်း‌ေန‌ေသာ တိုက်အိမ်ကြီးသည် ယခင်နေ့များနှင့်မတူဘဲ ငြိမ်သက်လှသည်။‌စာကျက်နေသော ကျော်လေးရဲ့ စာအံသံမှတစ်ပါး အခြားဘာအသံမှမကြားရပေ။တစ်နေ့တာလုံးအသက်မပါဘဲ ဖြတ်သန်းခဲ့ပြီး ညရောက်သောအခါလည်း အစိုးမရသောစိတ်ကို ရအောင်ဆွဲခေါ်၍ စာကျက်ရပြန်သည်။

Rewrite the star (Complete)Where stories live. Discover now