part31

298 12 0
                                    

       ကတန်ကျွန်းကြီးကို လေယာဉ်ပေါ်မှ လှမ်းမြင်နေရပြီ။ပင်လယ်ထဲ ငါးဖမ်းလှေများက တောင်မြောက်သွားလာနေကြသည်။မြိတ်နှင့် ပထက်ကမ်းကို ကူးနေကြသော ကူးတို့လှေငယ်များကလည်း ပုရွက်ဆိတ်လေးများ ပြေးလွှားနေသလို။
     ည‌‌ေနခင်း နေရောင်အောက်တွင် သိမ်တော်ကြီးစေတီတော်ကြီးက ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပာယ်လှသည်။မြိတ်မြို့ဟု ဆိုလိုက်ရင် မပါမဖြစ် ကမ်းနားလမ်းမကြီးတွင်လည်း လူစည်ကားလျက်။ကားများ၊ဆိုင်ကယ်များက အသွားအလာမပြတ်။
        ကမ်းနားလမ်းမကြီး၏ အစွန်ရှိ စီးဗျူးကွန်ဒိုကြီးမှာလည်း ခိုင်မာစွာ တည်ရှိနေသည်။လေယာဉ်ပေါ်တွင် အ‌တ္တက အိပ်ပျော်နေသော်လည်း မဟာကတော့ ဝေဟင်ထက်ကနေ မြို့မြင်ကွင်းများကို ကြည့်ရှူနေသည်။သူတို့အနောက်ခုံတွင် ထိုင်နေသော နက်ပကျွန်းကတော့ သီချင်းလေးတငြီးငြီးနှင့်။

'လေပြေညှင်းရယ်..ငြိမ်သက်ဆဲညမှာ..
အသာအယာတိုးလို့တိုက်ခတ်နေ..
သင်းပျံ့မွှေးတဲ့ပန်းရနံ့တွေ..
ဆောင်ယူသယ်လာလေညှင်းရယ်..
လေယူရာယိမ်းနွဲ့မယ့်ပန်း‌ကလေးတစ်ပွင့်ရယ်..
ညင်သာစွာဖူးပွင့်လို့စောင့်မျှော်နေဆဲ..
ပန်းချစ်သူတို့လက်နဲ့ကွယ်..
ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်..'

         ပြေးလမ်းသို့ လေယာဉ်က ဆင်းသက်လာခဲ့ပြီဖြစ်သည်။

"မောင်..မောင်..ထလို့ရပြီ"

"‌umm.."

          မောင်က အိပ်ချင်မူးတူးဖြင့် ထလာခဲ့သည်။မောင်က လေယာဉ်ပေါ်စတက်ကတည်းက အိပ်လာခဲ့တာ မြိတ်ရောက်တဲ့အထိ။
လေယာဉ်ပေါ်ကဆင်းတော့ မောင်လက်မောင်းကို ချိတ်ကာ ဆင်းသည်။ခရီးသည်ကြိုရသည့်ဘက်တွင် မောင့်လူများက အပြည့်အဝရပ်စောင့်နေကြသည်။မောင်ရောက်လာသည်နှင့် ဦးညွှတ်ကြကာ အထုတ်သယ်ပေးကြသည်။ကားပါကင်တွင် အနက်ရောင်ကားများစွာက တန်းစီပြီးရပ်ထားသည်။လက်အောင်ငယ်သားတစ်ယောက်က မောင့်ကို ကားသော့လာပေးသည်။
          မောင်က ကားသော့ကို လှမ်းယူပြီး သူ့အတွက် ကားတံခါးသွားဖွင့်ပေးသည်။မောင့်ဘေးခုံတွင် အခန့်သားထိုင်လိုက်သည်။မောင်က ကားထဲ ဝင်ထိုင်လိုက်သည်။ပြိုင်ကား နောက်ဆုံးပေါ် မော်ဒယ်ကို လဲထားတာမကြာသေးသဖြင့် ကားအနက်ရောင်ကြီးက တောက်ပြောင်သစ်လွင်နေသည်။အရှေ့မှ အနက်ရောင် ကားတန်းကြီးက အရင်ထွက်သွားသည်။နောက်ဆုံးမှ သူတို့ကားထွက်သည်။
       လေကတဖြူးဖြူးနှင့် အေးစိမ့်စိမ့်။မြိတ်မြို့က အသွားအလာပြတ်သည်ဆို မရှိတတ်။ကားမောင်းနေရင်း မောင်က သူ့လက်ဖဝါးတစ်ဖက်ကို လာဆုပ်ကိုင်လိုက်သည်။ထို့နောက် လက်မဖိုးလေးကို ယူပြီး အနမ်းတစ်ပွင့်ပေးလိုက်သည်။

Rewrite the star (Complete)Where stories live. Discover now