ကျော်လေးပြန်သွားတော့ တစ်ယောက်တည်း အဆောင်ကို ခြေလျင်ပြန်လာခဲ့ရသည်။ကမ်းနားလမ်းမှ အဆောင်အထိ 1နာရီနီးပါးလမ်းလျှောက်ရသည်။လမ်းတစ်လျှောက် မိုးသံနှင့်အတူ ကားဟွန်းတီးသံ တညံညံဖြင့် အလွန်ပင် စိတ်ရှုပ်ဖွယ်ကောင်းလှသည်။မိုးနတ်မင်းကလည်း ငိုကြွေးလို့ကောင်းတုန်း ဖြစ်သည်။ထီးမပါဘဲ မိုးရေထဲတွင် အရူးတစ်ယောက်နှယ် အသိစိတ်မကပ်ဖြစ်နေသော သူ့ကို လမ်းပေါ်မှ လူတစ်ချို့ကြည့်ကာ တီးတိုးပြောနေကြသည်။
သူ့ပုံစံမှာလည်း အမှန်တကယ် အရူးတစ်ယောက်လိုပင်။စိတ်နဲ့ကိုယ်မကပ်ဘဲ ငူငူငိုင်ငိုင်ဖြစ်ကာ တစ်ကိုယ်လုံးလည်းစိုရွဲနေသည်။1နာရီနီးပါး လမ်းလျှောက်လာပြီးနောက် အဆောင်ရဲ့ ခြံတံခါးဝသို့ရောက်လာသည်။ခြံတံခါးမှာ အနည်းငယ်ဟနေပြီး သူထွက်သွားသည့် အချိန်ကပုံစံအတိုင်းသော့ခတ်ထားသည်။ခြံတံခါးကို အားယူကာ တွန်းဖွင့်လိုက်သည်။အားအင်တွေက ကျော်လေးနှင့် ကပ်ပါသွားသည့်အလား ကျော်လေးမရှိတော့ သူလည်းဘာခွန်အားမှမရှိတော့ပေ။
ခြံတံခါးကိုတောင် အနိုင်နိုင်ဖွင့်နေရသည်။ခြံထဲဝင်ပြီး အဆောင်သံဗန်းတံခါးကို ကြည့်လိုက်တော့ သော့ခတ်ထားသည်။အထဲတွင် ရုပ်ရှင်ထိုင်ကြည့်နေသူများရှိသည်။အန်တီလင်းလဲ့လည်း အပါအဝင်ဖြစ်သည်။အမြင်တွေ ဝေဝါးနေကာ မည်သူ့ကိုအော်ခေါ်ရမှန်းမသိ။ဘယ်သူ့နာမည်မျှ ခေါင်းထဲတွင် မပေါ်လာချေ။အန်တီလင်းလဲ့က သူရပ်နေတာကိုမြင်သွားပြီး"သတ္တိရေ..မင်းညီလေးကိုတံခါးသွားဖွင့်ပေးလိုက်ပါအုံးကွယ်"
လူသေကောင်ပမာ တောင့်တောင့်ကြီးရပ်နေသော သူ့ကိုအထဲမှ လူများဝိုင်းကြည့်နေကြသည်။ကိုသတ္တိ တံခါးလာဖွင့်ပေးပြီးနောက် TVရှေ့တွင် ပြန်ထိုင်ကာ ရုပ်ရှင်ပြန်ကြည့်နေသည်။မဟာက ထိုင်နေရာမှ ထလာပြီး သူ့ပုခုံးကိုကိုင်ကာ
"မောင်ဘာဖြစ်လာတာလဲ..တစ်ကိုယ်လုံးလဲစိုရွဲလို့ပါလား"
"သားလေးဘာတွေဖြစ်လာတာလဲအန်တီ့ကိုပြောစမ်းပါအုံး"
တစ်ကိုယ်လုံးစိုရွဲနေသည်ကို မြင်တော့အထဲမှ လူများက စိုးရိမ်တကြီးမေးကြသည်။သူ ဘာစကားမှမတုံ့ပြန်ဖြစ်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...