part8

343 18 0
                                    

           နံနက်(၆)နာရီခန့်သာရှိသေးသည်။မိုးမင်းကြီးကား အဆက်မပြတ်ငိုကြွေးလျက်။

'တီးတီးတီးတီး'

         ကျယ်လောင်စွာ မြည်ဟီးလာသော နိုးစက်သံကြောင့် နိုးထလာခဲ့သည်။ဒီနေ့သည် သူ့အတွက် မြန်မာ့မြေပေါ်တွင် နောက်ဆုံးအခြေချရသောနေ့ ဖြစ်သည်။အသိမပေးဖြစ်သေးသော တစ်စုံတစ်ယောက်ကို အသိပေးရန်အတွက် စိတ်ကိုပါတစ်ခါတည်းပြင်ဆင်ထားခဲ့သည်။မျက်နှာသစ်၊ရေချိုး၊အဝတ်အစားလဲပြီးသောအခါ မနက်စာစားရန် ထမင်းစားခန်းဆီဆင်းလာခဲ့သည်။
          ထမင်းစားခန်းတွင် ကော်ဖီသောက်နေသော မေမေ့ကိုတွေ့လိုက်ရသည်။အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်လေးနှင့် လိုက်ဖက်လှသော မေမေ။ကော်ဖီခွက်လေးကို စားပွဲဖန်သားပြင်ပေါ်တွင် ချထားကာ ဝတ္ထုဖတ်နေခဲ့သည်။မေမေက စာအုပ်ကိုသာအာရုံစိုက်နေ၍ သူဆင်းလာသည်ကို အာရုံထားမိဟန်မပေါ်။

"မေမေ"

           တစ်ယောက်တည်းကြားရုံသာ တိုးတိုးလေးခေါ်သော်လည်း မေမေက ကြားဖြစ်အောင်ကြားသွားပြီး သူ့ကိုလှည့်ကြည့်လာသည်။

"ကော်ဖီသောက်မလားသား.."

"ဟင့်အင်း..မသောက်တော့ပါဘူး။အတ္တဆီသွားမလို့။ဆိုင်ကယ်ယူသွားမယ်နော်"

"မကြာစေနဲ့နော်..မင်းဒယ်ဒီသိရင်မေမေ့ကိုပဲဆူမှာ"

"ဟုတ်"

            အရင်နေ့တွေလို ကြိုးစားပြီး ပြုံးပျော်ဟန်ဆောင်နေပေမဲ့ ညှိုးနွမ်းနေတာက သိသိသာသာပင်။ဧည့်ခန်းဆီထွက်လာတော့ စာရင်းစာအုပ်တွေတစ်ပုံကြီးနှင့် အလုပ်ရှုပ်နေသော ကိုကို့ကို တွေ့လိုက်ရသည်။ကိုကို့ကိုလဲနှုတ်မဆက်ဖြစ်ခဲ့ပါ။ဆိုင်ကယ်သော့ယူပြီး အိမ်ရှေ့တံခါးဆီထွက်သွားတော့

"ဘယ်သွားမလို့လဲကလေး"

"အတ္တဆီ"

"ကိုကိုလိုက်ပို့ပေးမယ်လေ..ကလေးတစ်ယောက်တည်းဆို..ဦးလေးသိရင်ကိုကို့ကိုဆူလိမ့်မယ်"

"တစ်‌ယောက်တည်းသွားချင်လို့"

"ကောင်းကင်အလက်ာမှူး!"

Rewrite the star (Complete)Where stories live. Discover now