Intro

2.8K 77 0
                                    

Hello
ယူမီပထမဆုံးtryဖြစ်တဲ့ficလေးပါ
ယူမီနေတဲ့မြို့ကိုအခြေခံထားပေမဲ့အချို့နေရာတွေမှာအပြင်မှာတကယ်မရှိတဲ့စိတ်ကူးယဉ်နေရာတွေလဲပါပါတယ်
ကော့သောင်းနဲ့ရနောင်းကတော့ယူမီကိုယ်တိုင်မရောက်ဖူးသေးတာကြောင့်အသိသူငယ်ချင်းတွေရဲ့အကူအညီကိုယူပြီးရေးထားပါတယ်
ပြီးတော့တားရော့တွေဗေဒင်နဲ့ကြယ်တွေရဲ့အယူအဆတွေကယူမီလေ့လာထားတဲ့စာအုပ်တွေထဲကအကိုးအကားပြုထားတာဖြစ်ပါတယ်
နောက်တစ်ခုကတော့ယူမီရေးထားတဲ့ကျောင်းသားဘဝကလုံးဝလွတ်လပ်တဲ့typeပါနော်
အဆောင်နေတဲ့ကျောင်းသားတွေဖြစ်ပေမဲ့စည်းကမ်းတင်းကြပ်တာမျိုးမဟုတ်ဘဲမိသားစုလိုလွတ်"လပ်"နဲ့ပုံစံမျိုးပါ
တချို့နေရာတွေမှာကျင့်ဝတ်တွေနေထိုင်မှုပုံစံတွေကလက်တွေ့ဘဝနဲ့ကွဲပြားနိုင်ပါတယ်
ဇာတ်ကောင်တွေရဲ့ရှုထောင့်ကိုလိုက်ပြီးရေးထားတဲ့အသုံးအနှုန်း‌မတူပါဘူး
အကုန်လုံးဟာယူမီ့စိတ်ကူးသက်သက်ဖြစ်တာကြောင့်မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါဘူး
ရည်ရွယ်ထားခြင်းလဲမရှိပါဘူး
ပထမဆုံးtryတာဖြစ်လို့အမှားတွေပါသွားရင်လဲသည်းခံပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်

**********************************

ဘုန်းးး....

        သံဗန်းတပ်ဆင်ထားသော ခြံတံခါးကိုပြင်းထန်စွာ လာရောက်ရိုက်ခတ်သံ။အရာဝတ္ထုတစ်ခုမဟုတ်တာ သေချာသည်။ထိုအရာကား အဖြူရောင်ရှုပ်အကျီပါးပါးလေးကို ဝတ်ဆင်ထားသော ကောင်လေးတစ်ဦးပင်ဖြစ်သည်။မြင်ကွင်းထဲမှ ချွန်ထက်လှသော ဓားမြှောင်အသွားက သူ့အားထိုးဖောက်လိုက်မည်ဟုခြိမ်းခြောက်နေသယောင်။သူ့ထက်သေးငယ်လှသော ကောင်လေး၏ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်သူ။မရုန်းထွက်နိုင်တာထက် မရုန်းထွက်ချင်ဟုဆိုရလျှင် ပိုမှန်မည်။

"ငါမင်းကိုသတ်မှာ..."
"......."

           အဖြူရောင်ရှုပ်အကျီနှင့် ကောင်လေးဆီမှ မည်သို့သော တုံပြန်မှုမျှ မရရှိခဲ့ပေ။အကျီကြယ်သီးနှစ်လုံးမှာ အချိတ်အဆက်မရှိဘဲ အနည်းငယ်ဟနေသော ပိတ်စကြားမှ ဖြူဖွေးသော အသားစိုင်ပေါ်တွင်  "911" ဟူသောတက်တူးလေးကိုအထင်းသားမြင်နေရသည်။သွေးကြောမျှင်ကလေးများက အဖြူရောင်အရေပြားပါးပါးလေးအောက်တွင် ကိန်းဝပ်နေသည်ကိုလည်းတွေ့မြင်နေရသည်။
               သွယ်လျသောလက်ချောင်းတွေက ဓားမြှောင်ကိုင်ထားသည့် သူ့လက်ကိုဆွဲယူလိုက်ပြီး လည်မျိုတည့်တည့်ဆီထောက်ထားလိုက်သည်။အထက်အောက်စုန်ဆန်သွားသော လည်စလုတ်သည် ချွန်ထက်သောဓားသွားအောက်မှ မလွတ်မြောက်နိုင်။အားအနည်းငယ်သုံးကာ အရှေ့သို့ဖိလိုက်လျှင်ပင် သေနိုင်သည့်အနေအထား။
               
"ကဲ...သတ်တော့။ငါသေချင်နေပြီ။သေဖို့အဆင်သင့်ပဲကျော်လေး.."

               ရုတ်တရက်ကြားလိုက်ရသော စကားသံကြောင့် ဆွံ့အသွားရသည်။သူ‌ေမျှာ်လင့်ထားသည်မှာ ထိုအ‌ေခြအ‌ေနမျိုးမဟုတ်ခဲ့ေပ။သူ့ကိုရှင်းပြချက်တစ်ခု‌ေလာက်‌ေတာ့‌ေပးမည်ဟုထင်ထားခဲ့သည်။ပုံမှန်ထက်အေးတိအေးစက်နိုင်နေသောကောင်လေး။စိတ်ဒဏ်ရာများနှင့်အတူ နာကျင်လှသောနှလုံးသား။မနေနိုင်စွာဖြင့် ခေါ်လိုက်မိသောနာမ်စားလေးက

"ကိုကို..."

"သတ်လို့တော့မင်းကိုငါပြောနေတယ်လေ...။ငါ့လိုပိုက်ဆံတစ်ခုတည်းသိတဲ့ကောင်ကအခုတော့မင်းပျော်ဖို့အတွက်ပါသိတတ်လာပြီ။ငါ့ကိုသတ်ရင်ငါမရှိရင်မင်းပျော်မယ်မဟုတ်လား..သတ်...သတ်လိုက်..။"

"......."
    
              သတ်လိုက်ချင်သည်။ သတ်၍သာရလျှင် သတ်လိုက်ချင်သည်။သို့သော်နှလုံးသားကထိုကောင်လေးတစ်ဦးတည်းကိုသာ လိုအပ်နေတော့ သတ်ဖို့ကခက်သား။တစ်ဖက်တွင်လည်း လူသတ်သမားဟု အသိပေးနေသောဦးနှောက်၊တစ်ဖက်ကလည်းချစ်မိနေသောနှလုံးသား။ထိုလွန်ဆွဲပွဲမှာ သူဟာဘယ်သူ့ရဲ့အမိန့်ကိုနာခံလိုက်မလဲ။
               ရေးထားပြီးသားကံကြမ္မာကိုပြင်လို့ရရင်ပေါ့ကိုကိုရယ်။ကိုကို့အတွက်ကောင်းမွန်တဲ့ဖြစ်တည်မှုနဲ့ပဲမွေးဖွားလာခဲ့ချင်တယ်။

Rewrite the star (Complete)Where stories live. Discover now