တက်တူးထိုးပြီးသည်နှင့် ပိုက်ဆံရှင်းကာ မင်ယောင်းနှင့်နှစ်ယောက် ပြန်လာခဲ့သည်။တက်တူးဆိုင်မှထွက်လာပြီး လမ်းကြားကျဉ်းလေးထဲကို နှစ်ယောက်လျှောက်လာခဲ့သည်။မီးရောင်ကလည်းမှိန်မှိန်လေးသာရှိသည်။မင်ယောင်းက ဖုန်းတစ်လုံးနှင့် ရီနာဆီစာပို့နေပြီး သူကတော့ ခေါင်းငုံ့ပြီး အောက်ကလမ်းကိုသာကြည့်ပြီး လျှောက်လာခဲ့သည်။
ထိုချိန် လူတစ်ယောက်နှင့် တိုက်မိသွားသည်။ခေါင်းငုံ့လျက်ပင်"တောင်းပန်ပါတယ်"
ထိုလူက သူ့ကိုစိုက်ကြည့်နေဆဲဖြစ်သည်။ရုတ်တရက် သူရလိုက်သော ကိုယ်သင်းရနံ့။တဖြည်းဖြည်းခေါင်းမော်ကြည့်တော့ မထင်မှတ်ထားသည့်လူ။အသားဖြူဖြူ၊အရပ်မြင့်မြင့်နှင့် ချစ်စရာပါးချိုင့်ပိုင်ရှင် တနဂ်နွေနာမ်လေး။လည်ပတ်နေသော ကမ္ဘာကြီး ရပ်တန့်သွားသကဲ့သို့ အရာရာက ငြိမ်သက်နေသည်။ထိုအခိုက်အတန့်၊ထိုစက္ကန့်ပိုင်းလေးသည် ကမ္ဘာတစ်ခုလုံးကို အပိုင်စားရသည့်အလား သူ့ကို ပျော်ရွှင်စေခဲ့သည်။
မျက်ဝန်းတွင် မျက်ရည်ဥလေးများက ပြည့်နှက်လာသည်။အလောတကြီး ထိုလူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး"အတ္တ!!မင်း..အတ္တဥယျဉ်မောင်ဟုတ်တယ်မလား"
ထိုလူ့မျက်ဝန်းတွင် အံ့ဩရိပ်များသန်းနေခဲ့သည်။ချက်ချင်းမှုန်ကုပ်ကုပ် မျက်နှာအသွင်ပြောင်းလိုက်ပြီး
"မင်းလူမှားနေပြီ!ငါ့နာမည်က Uranus !!အတ္တဥယျာဉ်မောင်မဟုတ်ဘူး"
အသံကလည်း သူကြားနေကျ အတ္တအသံမှ အတ္တအသံအစစ်။မှားနိုင်ရာအကြောင်းမရှိ။သို့သော် ထိုလူက သူ့ကိုယ်သူ Uranus လို့ပြောနေမှတော့ သူဆက်မပြောနိုင်တော့ပါ။ကာယကံရှင်ကိုယ်တိုင်က မဟုတ်ပါဘူးလို့ ပြောနေမှတော့ သူဘာဆက်ပြောရမည်နည်း။ပြောစရာစကားတွေ ကွယ်ပျောက်ကုန်သည်။
"Sorry"ဒီတိုင်းသာ ဆက်လျှောက်လာခဲ့သည်။နှလုံးသားကသိနေသည်။ဒါအတ္တဥယျာဉ်မောင်မှ အတ္တဥယျာဉ်မောင်အစစ်။ရုပ်ချင်းဆင်သဖြင့် မှားနေသည် ဆိုထားတော့ ကိုယ်သင်းရနံ့ကိုတော့ လိမ်မရပါ။လူတိုင်းက ကိုယ်သင်းရနံ့တူနေတာမဟုတ်။
YOU ARE READING
Rewrite the star (Complete)
Novela Juvenilရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...