တစ်ယောက်တည်း ငိုင်နေမိသည်။မောင်က ပြန်လာမည့် ရက်ကိုရွေ့ပြီး ကိုရီးယားတွင် ထပ်နေရန် ဆုံးဖြတ်ခဲ့သည်။သူကြောက်နေသည့် ကိစ္စတစ်ခုက တကယ်ဖြစ်လာပြီလား။မောင်က တကယ် ကောင်းကင်ကို ရှာတွေ့သွားပြီလားဟု တွေးပြီး အတွေးနှင့် ရူးနေရသည်။မောင်သွားတာ တစ်ပတ်လောက်ရှိပြီဖြစ်သော်လည်း မောင်က သူ့ကိုမဆက်သွယ်ခဲ့ပါ။မနေနိုင်လွန်း၍ သူကအရင်ဆက်သွယ်တော့လည်း မောင်ကဖုန်းမကိုင်။
စာမလာသတင်းမကြားနှင့် မောင်က သူ့ကိုတကယ်ရူးအောင်လုပ်နေသည်။စေတန်ကတော့ မောင်အနားယူချင်နေသဖြင့် ကိုရီးယားတွင် နှစ်ပတ်လောက်ထပ်နေဦးမည်ဟု ဆိုသည်။သို့သော် သူသိနေသည်။မောင်က ပုံမှန်ဆို အကြောင်းမရှိဘဲ ထိုကဲ့သို့နေတတ်သည့်လူမျိုးမဟုတ်။စေတန်တို့အားလုံးကလည်း အလုပ်ကိစ္စနှင့် မြိတ်ကိုသွားနေကြသည်။အိမ်တစ်ဆောင်လုံးတွင် သူတစ်ယောက်တည်း ကျန်ခဲ့သည်။
အထီးကျန်သည်။မောင့်ကို လွမ်းသည်။မောင့်မျက်နှာ မတွေ့ရသည့် ရက်များအတွင်း အလွမ်းများ မုန်တိုင်းထန်နေသည်။မောင့်ဆူပူသံလေးမကြားရသည့် သူ့အတွက် နေ့ရက်များဟာ အဓိပ္ပာယ်မရှိလှပေ။တစ်လောကလုံးတွင် သူအကြောက်ဆုံးအရာက မောင်ဖြစ်သည်။မောင် သူ့ကို ထားသွားမည်ကို သူအလွန်ကြောက်သည်။အရာအားလုံးထက် မောင်က သူ့အတွက် အရေးပါလှသည်။
မောင်ကျောင်းဆက်မတက်တော့သဖြင့် သူလည်း ကျောင်းနားလိုက်သည်အထိ မောင်က သူ့အတွက်အရေးပါခဲ့သည်။ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့သော်လည်း မောင်နှင့်အတူ လက်စားချေရန်အတွက် ပညာရေးကိုစွန့်လွှတ်ခဲ့သည်အထိ မောင့်က သူ့ဘဝ၏ အရာရာဖြစ်ခဲ့သည်။"လွမ်းလိုက်တာမောင်ရယ်"
"လွမ်းလို့သေတော့မှာပဲ"
ဖုန်း screen က wallpaper လေးကို ငေးကြည့်ရင်း ရေရွတ်မိသော စကားသံများ။wallpaperလေးသည် မောင် သေနတ်ပထမဆုံး ပစ်သည့်နေ့ကပုံဖြစ်သည်။နှာတံသွယ်သွယ် မျက်ခုံးထူထူနှင့် စူးရှလှသော အကြည့်များပိုင်ရှင် မောင်၏ စွဲမက်ဖွယ်ကောင်းသော နှုတ်ခမ်းများ။အကြည့်များက ပစ်မှတ်ကိုသာ စူးစိုက်နေပြီး တွန့်ချို့ထားသော မျက်ဝန်းအောက်တွင် ပြင်းပြနေသော ဆန္ဒများကို အထင်သားမြင်တွေ့နေရသည်။ထိုအခိုက်အတန့်တုန်းက မောင်သည် သူ့အတွက် အခန့်ညားဆုံး ယောက်ျားတစ်ယောက်ဖြစ်ခဲ့သည်။ဓာတ်ပုံအမိအရ ရိုက်ယူပြီးwallpaperထားခဲ့ခြင်းဖြစ်သည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...