စားသောက်ဆိုင်ကို ရောက်တော့ ရည်းစားလေးက ဘာမှာရမှန်းမသိဖြစ်နေသည်။ကိုယ်တိုင်ကပင် အတ္တကြိုက်လောက်မည့် ဟင်းပွဲမျိုးကို ရွေးမှာလိုက်သည်။သို့သော် ကင်မ်ချီဟင်းရည်ကို ရည်းစားလေးကတော့ ခံတွင်းမတွေ့ပေ။ကင်မ်ချီဟင်းရည်ကို လက်ဖျားနှင့်ေတာင်မထိ။ဝက်ဂုတ်သားကင်နှင့် ထမင်းလိပ်ကိုသာစားနေတော့သည်။
"နေ့လည်စာကကျော်လေးမဟုတ်လို့လားမသိဘူးဘာအရသာမှမရှိသလိုပဲ။ဒီနေရာမှာကိုကို့အသဲလေးဆိုရင်တော်တော်အရသာရှိမှာ။"
"ပါးစပ်ကိုပိတ်ပြီးစားစရာရှိတာကိုပဲအေးဆေးစားစမ်းပါ"
"ကိုကို့ကိုငြိုငြင်တာလား"
"အေးဟုတ်တယ်"
"အဲဆိုမချစ်တော့ဘူးပေါ့"
"အေး"
"အော်..ဒီလိုလားကိုကိုသိလိုက်ပါပြီ။သဲသဲကကိုကို့ကိုမချစ်ဘူး။ဒီတိုင်းစားပြီးနားမလည်လုပ်နေတာပဲ။ဟွန့်..ကောက်ကွေးလေး!ကိုကို့ဘဝကိုဖျက်ဆီးတုန်းကဖျက်ဆီးပစ်ပြီးတော့"
တက်တူးတွေကိုမှ အားမနာ နှုတ်ခမ်းဆူကာ ကလေးတစ်ယောက်လို နွဲ့ဆိုးဆိုးနေတော့သည်။
"ဘာစားပြီးနားမလည်လဲ..မင်းကသာငါ့ကိုစားတာလေ။ငါကခံရတဲ့သူပါဟ!ငါကခံရတဲ့သူ"
ရင်ဘတ်ကို ရိုက်ပြရင်း ပြောလိုက်သည်။ချက်ချင်းမျက်မှောင်ကြုတ်သွားပြီး
"ပြောချင်တာကကိုကိုကအတင်းလုပ်ခဲ့တာပေါ့အဲလိုလား"
"ငါပြောတာအဲသဘောမဟုတ်"
စကားပင်မဆုံးသေး အတ္တက ငိုမဲ့မဲ့ မျက်နှာလေးအသွင် တမင်လုပ်ပြပြန်သည်။
"အော်..သူမခံချင်ဘဲကိုကိုလုပ်လိုက်မိတာ။ဒီလူဆိုးကောင်ကအတင်းလုပ်လိုက်တာ။ကြည့်ကြပါအုံး..အရပ်ကတို့ရေကျွန်တော့်ကိုရည်းစားလေးကမုဒိန်းကောင်ဇာတ်သွင်းနေတယ်"
ဆိုင်ထဲတွင် အော်ကြီးဟစ်ကျယ်ပြောနေပြန်သည်။ဘေးဝိုင်းရှိ လူများက အတ္တကို ကြည့်နေကြတော့ တစ်ကိုယ်လုံး ပူထူလာသည်။
YOU ARE READING
Rewrite the star (Complete)
Novela Juvenilရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...
