part33

306 7 0
                                    

        လေယာဉ်ပေါ်ကနေ ဘန်ကောက်မြို့မြင်ကွင်းကို မြင်နေရသည်။တိမ်စိုင်တွေက ‌ဘယ်ညာလူးလာ ရွေ့လျားနေသည်။မကြာခင် လေယာဉ်ဆင်းတော့မည်ဟူသော အသိနှင့်အတူ ချစ်ရသူကိုပါတွေ့ရတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေမိသည်။ကျောင်းကိုလည်း ခွင့်ယူထားပြီး လွမ်းလွန်းသဖြင့် ဘန်ကောက်အထိ လိုက်လာခဲ့သည်။လေယာဉ်ဆင်းပြီးနောက် လေဆိပ်ထဲတွင် ယောင်လည်လည်လေးနှင့် လျှောက်ကြည့်နေမိသည်။

            ဟူးးးးကိုကို့ ကိုလည်းမတွေ့ရသေးဘူး..

         ထိုချိန် သူ့ဆီ တည့်တည့်မတ်မတ်လျှောက်လှမ်းလာသော ယောက်ျားပျိုတစ်ဦး။မျက်ခုံးထူထူ နှင့် ဖြောင့်စင်းလှသော နှာတံ။မြင့်မားသော အရပ်နှင့်လျော်ညီစွာ တောင့်‌တင်းသော ခန္ဓာကိုယ်။အကျီလက်ပြတ်အနက်ရောင်ကို ဝတ်ဆင်ထားပြီး အောက်က အနက်ရောင်ဘောင်းဘီရှည်ကို တွဲဖက်ထားသည်။လည်ပင်းတွင်ကြယ်ပုံတက်တူးများနှင့် အနှီယောက်ျားအား တွေ့လိုက်ရစဉ်

"ဟာ..ကိုကို"

        အိတ်ကိုထားပစ်ခဲ့ပြီး အတ္တကို ပြေးဖက် လိုက်သည်။အတ္တက သူ့ခါးလေးကို စွေ့ခနဲ ပွေ့ချီပြီး မျက်နှာတစ်ပြင်လုံးကို အနမ်းလေးတွေပေးသည်။မျက်ခုံး၊မျက်လုံး၊နှာတံ၊နဖူး၊ပါးမို့မို့နှင့် နှုတ်ခမ်းဖူးဖူးလေးပါမကျန် အနမ်းများခြွေသည်။လေဆိပ်ကြီးထဲတွင် လူများစွာရှိသော်လည်း အကုန်လုံးက သူ့အလုပ်နှင့်သူ။သူတို့နှစ်ယောက်ကို ဘယ်သူမှ တကူးတက လိုက်ကြည့်နေခြင်းမရှိ။
        သူတို့ပုံစံက K Dramaတွေထဲကလို လေဆိပ်တွင် အခုမှ ပြန်ဆုံရသည့် ချစ်သူနှစ်ဦးနှယ်။

"ကိုကို့အသဲနှလုံးဘေဘီပူတူးအူကြူးချစ်ဇနီးလေးကိုလွမ်းနေရတာဗျာ"

"ကိုကိုနော်ဘာချစ်ဇနီးလဲ"

"ကိုကိုကစတာပါကိုကို့အိမ်သူသက်ထားလေးရဲ့"

"လာပြန်ပြီ"

"ကဲပါ..ကိုကိုကစတာ"

"ကိုကိုအောက်ချပေးလို့ရပြီလေ"

"လူမြင်ကွင်းကြီးမှာအောက်ချလို့မကောင်းဘူး"

"ဟမ်"

Rewrite the star (Complete)Where stories live. Discover now